Xiaomi ဟာ မကြာသေးခင်ရက်ပိုင်းကပဲ မျိုးဆက်သစ် Adapter ဖြစ်တဲ့ 65W USB Type-C universal power adapter သစ်ကို ဖြန့်ချိလိုက်ပါတယ်။ Universal power adapter ဆိုတဲ့အတိုင်းပဲ စမတ်ဖုန်း၊ လက်ပ်တော့၊ နုတ်ဘုတ် စတာတွေအပါအဝင် အခြားကိရိယာတွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဒီ Gadget ဟာ ပြီးခဲ့တဲ့မျိုးဆက်နဲ့နှိုင်းယှဉ်ရင် ပိုပြီးကျစ်လျစ်လာသလို၊ ပိုပြီးတော့လည်း သယ်ဆောင်ရလွယ်ကူ၊ အသုံးပြုရလွယ်ကူပြီး အဆင့်မြင့်လာတယ်လို့ ဆိုရမှာပါ။ တရားဝင်ထုတ်ပြန်ချက်အရ Xiaomi ရဲ့ 65W USB Type-C universal power adapter သစ်ဟာ Xiaomi Notebook တွေသာမကဘဲ MacBook Pro အသစ်ကိုလည်း အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

ဒီ Adapter သစ်ဟာ အရင်မျိုးဆက်ဟောင်းထက်လည်း ၂၇ ရာခိုင်နှုန်းပိုပြီးသေးငယ်ပါသေးတယ်။ ဒါပေမယ့် ပိုပြီးစွမ်းဆောင်ရည်မြင့်ပါတယ်။ Apple ရဲ့ 13-inch MacBook Pro ကို ၁ နာရီနဲ့ မိနစ် ၅၀ အတွင်း အားအပြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ တိကျမှုမြင့်မားတဲ့ အာရုံခံကိရိယာလည်း တပ်ဆင်ပေးထားတာကြောင့် iPhone 11 Series တွေလည်း သုံးနိုင်တယ်လို့ သိရပါတယ်။

ဒီ အာရုံခံကိရိယာက မတူညီတဲ့ Device တွေကို သူတို့ရဲ့လက်ခံနိုင်စွမ်းနဲ့ကိုက်ညီတဲ့ အားသွင်းပေးမှုကို ပြုလုပ်နိုင်တာကြောင့် လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။ Pin တွေကိုလည်း အလွယ်တကူခေါက်သိမ်းနိုင်ပြီး ကိုယ်ထည်ကလည်း အပူဒဏ်ကိုခံနိုင်အောင်ပြုလုပ်ပေးထားတာကြောင့် လူတိုင်းနီးပါးအတွက် အသုံးတည့်မယ့် Gadget လေး ဖြစ်ပါလိမ့်မယ်။

Ref: Gizmochina