Xiaomi က Electric Scooters ၂ ခုကို ကြေညာလိုက်ပါတယ်။ Mi Electric Scooter 1S ဟာ ၁၂.၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ဘက်ထရီက ၃၀ ကီလိုမီတာ အထိ မောင်းနှင်ပေးနိုင်ပါတယ်။ 250 W Motor ကို သုံးထားပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၂၅ ကီလိုမီတာ အထိသွားနိုင်ပါတယ်။ Speed Indicator နဲ့ Driving Mode လို သတင်းအချက်အလက်တွေကို ပြသပေးတဲ့ Status Icons များစွာ ပါလာပါတယ်။ အနောက်ဘက် ဘီးမှာ ဘရိတ် တပ်ဆင်ထားပါတယ်။

Mi Electric Scooter Pro 2 ရဲ့ ဒီဇိုင်းဟာ ပထမမျိုးဆက်နဲ့ တူညီပြီး ကြံ့ခိုင်မှု၊ Cooling ၊ ဘက်ထရီ စီမံခန့်ခွဲမှုနဲ့ Wiring တွေ ပိုကောင်းလာပါတယ်။ 1S နဲ့ Pro 2 ၂ ခုစလုံးမှာ Headlight ရဲ့ ပါဝါကို ၂ ဆတိုးထားပြီး 2W ထောက်ပံ့ထားပါတယ်။

Pro 2 ရဲ့ အလေးချိန်ဟာ ၁၄.၂ ကီလိုဂရမ် ဖြစ်ပြီး အပို ဘက်ထရီ ပါတဲ့အတွက် ၄၅ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ 300 W Motor ထည့်ထားပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၂၅ ကီလိုမီတာ အထိ သွားနိုင်ပါတယ်။ Pro 2 ရဲ့ Motor ဟာ 1S ထက် စွမ်းရည်မြင့်မားတဲ့အတွက် မောင်းရတာနဲ့ ဘရိတ်အုပ်တာ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

Pro ရဲ့ အရှေ့ဘီးမှာ ဘရိတ် အပိုပါလာသလို E-ABS ဘရိတ် စနစ် ထည့်ထားပါတယ်။ 1S ကို ၄၀၀ ယူရိုနဲ့ Pro 2 ကို ၅၀၀ ယူရို သတ်မှတ်ထားပြီး ၆ သိန်း ၃ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Xiaomi က Formula 1 Fans တွေ သဘောကျမယ့် Mi Electric Scooter Pro 2 Mercedes AMG-Petronas F1 Team Edition ကိုလည်း ကြေညာလိုက်ပါတယ်။

Ref : gsmarena