[Unicode]

Xiaomi က Smart Air Conditioner အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ မတူညီတဲ့ Power Load ၂ ခု ပါတဲ့ မော်ဒယ် ၂ ခုထုတ်လုပ်ထားပြီး လက်ရှိဈေးကွက်ထဲမှာ စွမ်းအင် စားသုံးမှု အသက်သာဆုံးလို့ ဆိုပါတယ်။ Xiaomi Smartmi Air Conditioner လို့ နာမည်ပေးထားပြီး 1 Ton နဲ့ 1.5 Ton မော်ဒယ်တွေ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်တွေရဲ့ အလန်းဆုံး နည်းပညာက စွမ်းအင် စားသုံးမှု သက်သာတာပါ။ APF (annual performance factor) Value ဟာ ၄.၆၅ ဖြစ်တဲ့အတွက် လက်ရှိ စံနှုန်းဖြစ်တဲ့ ၄.၅ ထက် ပိုမြင့်ပါတယ်။ ရှင်းရှင်းပြောရရင် APF ပိုမြင့်လေလေ၊ စွမ်းအင် စားသုံးမှု သက်သာလေလေ ဖြစ်ပါတယ်။

တရုတ် အစိုးရက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ Air Conditioner တွေအတွက် စွမ်းအင်စားသုံးမှု သက်သာတဲ့ စံနှုန်း ဥပဒေ မူကြမ်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီ ဥပဒေကို အခု စတင် ကျင့်သုံးနေပြီဖြစ်ပြီး အမေရိကန်ရဲ့ စံနှုန်းထက်တောင် ကောင်းသွားတယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Air Conditioner အသစ်ဟာ Class 3 Efficiency Ratings ရှိတဲ့ တခြား Air Conditioner တွေထက် စွမ်းအင် စားသုံးမှု ၂၀ ရာခိုင်နှုန်း သက်သာစေပါတယ်။ ဒါ့အပြင် Smart Product ဖြစ်ပြီး အပူချိန်ကို ထိန်းချုပ်ဖို့ Xiao AI ကို အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်တာ၊ Air Conditioner ကို အဖွင့်၊ အပိတ်ပြုလုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။

1 Ton မော်ဒယ်ကို ၂,၂၉၉ ယွမ်နဲ့ 1.5 Ton မော်ဒယ်ကို ၂,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်းနဲ့ ၅ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina

[Zawgyi]

Xiaomi က Smartmi Air Conditioner A ကို ေရာင္းခ်

Xiaomi က Smart Air Conditioner အသစ္ ၁ လုံးကို ေၾကညာလိုက္ပါတယ္။ မတူညီတဲ့ Power Load ၂ ခု ပါတဲ့ ေမာ္ဒယ္ ၂ ခုထုတ္လုပ္ထားၿပီး လက္ရွိေဈးကြက္ထဲမွာ စြမ္းအင္ စားသုံးမႈ အသက္သာဆုံးလို႔ ဆိုပါတယ္။ Xiaomi Smartmi Air Conditioner လို႔ နာမည္ေပးထားၿပီး 1 Ton နဲ႔ 1.5 Ton ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ အဲဒီ ေမာ္ဒယ္ေတြရဲ႕ အလန္းဆုံး နည္းပညာက စြမ္းအင္ စားသုံးမႈ သက္သာတာပါ။ APF (annual performance factor) Value ဟာ ၄.၆၅ ျဖစ္တဲ့အတြက္ လက္ရွိ စံႏႈန္းျဖစ္တဲ့ ၄.၅ ထက္ ပိုျမင့္ပါတယ္။ ရွင္းရွင္းေျပာရရင္ APF ပိုျမင့္ေလေလ၊ စြမ္းအင္ စားသုံးမႈ သက္သာေလေလ ျဖစ္ပါတယ္။

တ႐ုတ္ အစိုးရက ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွာ Air Conditioner ေတြအတြက္ စြမ္းအင္စားသုံးမႈ သက္သာတဲ့ စံႏႈန္း ဥပေဒ မူၾကမ္းကို အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။ အဲဒီ ဥပေဒကို အခု စတင္ က်င့္သုံးေနၿပီျဖစ္ၿပီး အေမရိကန္ရဲ႕ စံႏႈန္းထက္ေတာင္ ေကာင္းသြားတယ္လို႔ သိရပါတယ္။

Xiaomi ရဲ႕ Air Conditioner အသစ္ဟာ Class 3 Efficiency Ratings ရွိတဲ့ တျခား Air Conditioner ေတြထက္ စြမ္းအင္ စားသုံးမႈ ၂၀ ရာခိုင္ႏႈန္း သက္သာေစပါတယ္။ ဒါ့အျပင္ Smart Product ျဖစ္ၿပီး အပူခ်ိန္ကို ထိန္းခ်ဳပ္ဖို႔ Xiao AI ကို အသံအမိန႔္ေတြနဲ႔ ခိုင္းေစႏိုင္တာ၊ Air Conditioner ကို အဖြင့္၊ အပိတ္ျပဳလုပ္တာေတြ လုပ္ေဆာင္ႏိုင္ပါတယ္။

1 Ton ေမာ္ဒယ္ကို ၂,၂၉၉ ယြမ္နဲ႔ 1.5 Ton ေမာ္ဒယ္ကို ၂,၆၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅ သိန္းနဲ႔ ၅ သိန္း ၇ ေသာင္းေလာက္ အသီးသီး က်သင့္မွာပါ။

Ref : gizmochina