[Zawgyi]

Xiaomi ရဲ႕ Black Shark Brand က စြမ္းရည္ျမင့္ Gaming Smartphone ေတြကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ အဲဒီ စမတ္ဖုန္းေတြမွာ လွ်င္ျမန္စြာ အားသြင္းစနစ္ပါတဲ့ တာရွည္ခံ ဘက္ထရီေတြနဲ႔ ထူးျခားဆန္းသစ္တဲ့ Cooling System ေတြ ထည့္သြင္းထားၾကပါတယ္။ ဂိမ္းေတြ အၾကာႀကီး ကစားလို႔ အဆင္ေျပေစမွာပါ။ ဒါေပမယ့္ ဘက္ထရီ အားကုန္သြားရင္လည္း ဂိမ္းေတြ ဆက္ၿပီး ကစားႏုိင္ေအာင္ Black Shark က 10,000mAh Power Bank ကို မိတ္ဆက္လိုက္ပါတယ္။

Power Bank ရဲ႕ Case Design က အလန္းစားပါ။ အၾကမ္းခံႏုိင္မယ့္ Design ျဖစ္ၿပီး Black Shark Gaming Phones ေတြနဲ႔ ဆင္တူပါတယ္။ ကိုယ္ထည္ကို ရာဘာနဲ႔ သတၱဳေပါင္းစပ္ တည္ေဆာက္ထားပါတယ္။ သတၱဳအပိုင္းကို ေငြေရာင္ သုတ္လိမ္းထားပါတယ္။ ဘက္ထရီ ပမာဏကိုျပသေပးတဲ့ အစိမ္းေရာင္ LED Strip ကို အလယ္မွာ တပ္ဆင္ထားပါတယ္။ ေအာက္ေျခမွာ Power Bank  အားသြင္းေနတာကို ျပသေပးဖို႔ ေနာက္ထပ္ LED Light ကို ထည့္သြင္းထားပါတယ္။

Power Bank မွာ 18W Fast Charge ထည့္သြင္းထားတာက အရမ္းမိုက္ပါတယ္။ ဒါ့အျပင္ Bi-directional ျဖစ္ၿပီး 18W ႏႈန္းနဲ႔ ဖုန္းေတြ၊ Gadgets ေတြကို အားသြင္းေပးႏုိင္သလို Power Bank ကို အားသြင္းရင္လည္း အရမ္း ျမန္ပါတယ္။ USB-A Port ၂ ခုနဲ႔ USB-C Port ၁ ခု ထည့္သြင္းထားပါတယ္။ USB-C Port ကေန အျခား ကိရိယာေတြကို အားသြင္းႏုိင္သလို Power Bank ကိုလည္း အားျပန္သြင္းႏုိင္ပါတယ္။

ကုမၸဏီက Power Bank ဟာ Black Shark 2 Pro ကို ၃၀ မိနစ္အတြင္းမွာ ၄၇ ရာခုိင္ႏႈန္း အားသြင္းေပးႏုိင္တယ္လို႔ ေျပာပါတယ္။ အပူမလြန္ကဲေအာင္ ကာကြယ္ေပးတဲ့ လံုျခံဳေရး လုပ္ေဆာင္ခ်က္ ထည့္သြင္းထားပါတယ္။ တရုတ္မွာ ယြမ္ ၁၁၉ နဲ႔ ေရာင္းခ်ေပးေနၿပီး ျမန္မာေငြ ၂၅,၀၀၀ ေလာက္ ရွိပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က 18W Fast Charge ပါတဲ့ Black Shark 10,000mAh Power Bank ကို မိတ်ဆက်

Xiaomi ရဲ့ Black Shark Brand က စွမ်းရည်မြင့် Gaming Smartphone တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ လျှင်မြန်စွာ အားသွင်းစနစ်ပါတဲ့ တာရှည်ခံ ဘက်ထရီတွေနဲ့ ထူးခြားဆန်းသစ်တဲ့ Cooling System တွေ ထည့်သွင်းထားကြပါတယ်။ ဂိမ်းတွေ အကြာကြီး ကစားလို့ အဆင်ပြေစေမှာပါ။ ဒါပေမယ့် ဘက်ထရီ အားကုန်သွားရင်လည်း ဂိမ်းတွေ ဆက်ပြီး ကစားနိုင်အောင် Black Shark က 10,000mAh Power Bank ကို မိတ်ဆက်လိုက်ပါတယ်။

Power Bank ရဲ့ Case Design က အလန်းစားပါ။ အကြမ်းခံနိုင်မယ့် Design ဖြစ်ပြီး Black Shark Gaming Phones တွေနဲ့ ဆင်တူပါတယ်။ ကိုယ်ထည်ကို ရာဘာနဲ့ သတ္တုပေါင်းစပ် တည်ဆောက်ထားပါတယ်။ သတ္တုအပိုင်းကို ငွေရောင် သုတ်လိမ်းထားပါတယ်။ ဘက်ထရီ ပမာဏကိုပြသပေးတဲ့ အစိမ်းရောင် LED Strip ကို အလယ်မှာ တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ Power Bank အားသွင်းနေတာကို ပြသပေးဖို့ နောက်ထပ် LED Light ကို ထည့်သွင်းထားပါတယ်။

Power Bank မှာ 18W Fast Charge ထည့်သွင်းထားတာက အရမ်းမိုက်ပါတယ်။ ဒါ့အပြင် Bi-directional ဖြစ်ပြီး 18W နှုန်းနဲ့ ဖုန်းတွေ၊ Gadgets တွေကို အားသွင်းပေးနိုင်သလို Power Bank ကို အားသွင်းရင်လည်း အရမ်း မြန်ပါတယ်။ USB-A Port ၂ ခုနဲ့ USB-C Port ၁ ခု ထည့်သွင်းထားပါတယ်။ USB-C Port ကနေ အခြား ကိရိယာတွေကို အားသွင်းနိုင်သလို Power Bank ကိုလည်း အားပြန်သွင်းနိုင်ပါတယ်။

ကုမ္ပဏီက Power Bank ဟာ Black Shark 2 Pro ကို ၃၀ မိနစ်အတွင်းမှာ ၄၇ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ အပူမလွန်ကဲအောင် ကာကွယ်ပေးတဲ့ လုံခြုံရေး လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ တရုတ်မှာ ယွမ် ၁၁၉ နဲ့ ရောင်းချပေးနေပြီး မြန်မာငွေ ၂၅,၀၀၀ လောက် ရှိပါတယ်။

Ref : gizmochina