Xiaomi ရဲ့ Ecological chain ကုမ္ပဏီဖြစ်တဲ့ MIIIW ဟာ MIIIW Air 85 Bluetooth Dual-mode မီနီကီးဘုတ်လေး တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ နာမည်အတိုင်းပဲ ကီးဘုတ်ရဲ့ မျက်နှာပြင်မှာ ကီးပေါင်း ၈၅ ခုပါသလို အရွယ်အစားကလည်း သေးငယ်ပြီးဝန်မကျယ်၊ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ ဒီဇိုင်းဖြစ်တာကို တွေ့ရပါတယ်။

MIIIW Air 85 မှာ Keycap တွေကို ပြုလုပ်ထားတဲ့ ဒီဇိုင်းကလည်း နှစ်လိုဖွယ်ကောင်းတယ်လို့ ဆိုရမှာပါ။ အနားကွေးတွေကို လုံးဝန်းတဲ့ပုံစံလေးတွေ ပြုလုပ်ပေးထားတာကတော့ အမြင်အားဖြင့် ချစ်စရာကောင်းပါတယ်။ အနားနဲ့အထူက 7.8mm ရှိပါတယ်။

စာရိုက်ရတာကို အဆင်ပြေစေဖို့အတွက် နောက်ဘက်ကို ၈ ဒီဂရီမြှင့်ပေးထားပါသေးတယ်။ ဒီတော့ ကြာရှည်စာရိုက်မယ့်သူတွေအတွက် အသုံးပြုရတာပိုလွယ်ကူပြီး လက်ချောင်းတွေအလွယ်တကူညောင်းတာမျိုးကို လျှော့ချနိုင်မယ်လို့ ဆိုရမှာပါ။ Key characters တွေကို လေဆာနည်းပညာနဲ့ပြုလုပ်ထားတာကြောင့် ပိုပြီးလှပစေသလို၊ ပိုပြီး ပေါ်လွင်စေပါတယ်။

MIIIW Air 85 ကီးဘုတ်ဟာ ကြိုးမဲ့ Device ဖြစ်ပြီး Dual-mode ဆက်သွယ်မှုကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Bluetooth ကတစ်ဆင့်ချိတ်ဆက်ပြီး USB wireless receiver ကလက်ခံပြီး အသုံးပြုတာလည်းဖြစ်ပါတယ်။ Switching အတွက် သီးသန့်ခလုတ်တွေရှိနေတာကြောင့် Connection နှစ်ခုကြား လွယ်လွယ်ကူကူ ကူးပြောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

MIIIW Air 85 ကီးဘုတ်ဟာ Windows, Android, iOS နဲ့ macOS တွေကို ထောက်ပံ့ပေးထားပါတယ်။ OS ပြောင်းလဲဖို့အတွက်လည်း ခလုတ်တစ်ခု သီးသန့်ပါရှိပါသေးတယ်။ အရောင်အားဖြင့် အနက်ရောင်နဲ့ ပန်းရောင် ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ ၁၅၉ယွမ် ($22) (မြန်မာငွေ ၃ သောင်းဝန်းကျင်) လောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Gizmochina