Xiaomi က Redmi ကို သီးခြား ကုမ္ပဏီအဖြစ် ခွဲထုတ်လိုက်ပြီး Redmi ဟာ စမတ်ဖုန်း အပြင် တခြား အီလက်ထရောနစ် ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ Redmi Band , Redmi Washing Machine, Smart TV တို့ကို ချပြပြီးပါပြီ။ Xiaomi က X Series အသစ်အောက်ကနေ Smart TV အသစ် ၃ လုံးကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Redmi Smart TV X Series ကို မေလ ၂၆ ရက်နေ့မှာ Redmi 10X နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ Smart TV ကို မကြေညာခင်မှာ Xiaomi က Smart TV အတွက် အလန်းစား Accessory ၁ ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Redmi TV Soundbar ဖြစ်ပြီး ဈေးအရမ်းချိုပါတယ်။

Soundbar မှာ 45x80mm စပီကာ ၂ လုံး ထည့်သွင်းထားပြီး 30W Output Capacity ထုတ်လုပ်ပေးနိုင်ပါတယ်။ Duct-type Sound Cavity တပ်ဆင်ထားပြီး ကြိုးတပ်၊ ကြိုးမဲ့ ၂ မျိုးစလုံး အသုံးပြုနိုင်ပါတယ်။ S/PDIF နဲ့ AUX ကြိုးဆက်သွယ်မှုကို သုံးနိုင်သလို Bluetooth နဲ့ ချိတ်ဆက်နိုင်ပြီး Bluetooth 5.0 ထောက်ပံ့ပေးထားပါတယ်။

Redmi TV Soundbar ဟာ ၇၈ စင်တီမီတာ ရှည်ပြီး ၆.၄ စင်တီမီတာ ကျယ်ပါတယ်။ ၆.၃ စင်တီမီတာ အမြင့်ရှိပြီး ၁.၅ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်း  ဖြစ်ပြီး Matte Black အရောင် ထုတ်လုပ်ပေးထားပါတယ်။ နံရံမှာ တပ်ထားလို့ရအောင် အနောက်ဘက်မှာ အပေါက်ဖောက်ထားပေးပါတယ်။ ၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်း ၉ ထောင်လောက်ရှိပါတယ်။

Ref : gizmochina