[Zawgyi]

Xiaomi ဟာ Light ဆိုတဲ့ ကင္မရာကုမၸဏီတစ္ခုနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြအျဖစ္ အက်ိဴးတူလုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ Light ရဲ႕ Camera Lens ေပါင္းစပ္မႈဒီဇိုင္းနဲ႔ နည္းပညာေတြကိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Nokia 9 PureView မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေနာက္ပိုင္း ထြက္ရွိလာမယ့္ Xiaomi စမတ္ဖုန္းေတြမွာ Nokia 9 PureView လိုမ်ိဴး ကင္မရာ ဒီဇိုင္းကို ျမင္ေတြ႕ႏိုင္ဖြယ္ ရွိေနပါတယ္။

Nokia 9 PureView ဟာ ေက်ာဘက္ ကင္မရာ ၅လုံးပါတဲ့ Penta-Lens Camera Setup ကို အသုံးျပဳထားတာျဖစ္ၿပီး၊ Camera Lens ေတြရဲ႕ ေပါင္းစပ္မႈ ရလဒ္ေတြက ေတာ္ေတာ္ေလး ေကာင္းမြန္တယ္လို႔ ၾကားသိရပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Nokia 9 PureView ရဲ႕ ေက်ာဘက္ကင္မရာ ဒီဇိုင္းႀကီးကို မႏွစ္သက္ၾကပါဘူး။ တကယ္ေတာ့ Nokia 9 PureView ရဲ႕ ေက်ာဘက္ကင္မရာဒီဇိုင္းက ႐ုပ္ဆိုးတယ္လို႔ ေျပာလို႔မရေသးသလို Camera Sensor ၅လုံးပါတာကလည္း မ်ားတယ္လို႔ ေျပာလို႔ မရေသးပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Light က Camera Sensor ၁၆လုံးအထိပါၿပီး၊ Nokia 9 PureView ထက္ ပို႐ုပ္ဆိုးတဲ့ Light L16 Camera ကို ထုတ္လုပ္ထားၿပီး ျဖစ္လို႔ပါ။ ဒါေပမယ့္ Light L16 Camera က ဘယ္ေလာက္ႀကီးပဲ ႐ုပ္ဆိုးတယ္ေျပာေျပာ ထုတ္လုပ္ထားသမွ် Camera အားလုံး ေရာင္းကုန္သြားၿပီ ျဖစ္ပါတယ္။

Light ရဲ႕ ကင္မရာနည္းပညာဟာ မတူညီတဲ့ ဓာတ္ပုံ ၁၀ပုံကို ေပါင္းစပ္ၿပီး အရည္အေသြးျမင့္ ဓာတ္ပုံ ၁ပုံရေအာင္ ဖန္းတီးျပဳလုပ္ေပးတယ္လို႔ သိရပါတယ္။ Light ကုမၸဏီရွိ ရင္းႏွီးျမႇပ္ႏွံသူေတြထဲမွာ Huawei စမတ္ဖုန္း ကင္မရာေတြမွာ ျမင္ေတြ႕ရေလ့ရွိတဲ့ Leica ကုမၸဏီလည္းပါဝင္ပါတယ္။ ဒါ့အျပင္ Light နဲ႔ ပူးတြဲလုပ္ေဆာင္တဲ့ ကုမၸဏီေတြဟာ HMD Global နဲ႔ Xiaomi တို႔သာမက Sony လည္း ပါဝင္တယ္လို႔ သိရပါတယ္။ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ ၂၀၁၉ခုႏွစ္ ေႏွာင္းပိုင္း ဒါမွမဟုတ္ ၂၀၂၀ခုႏွစ္ေလာက္မွသာ Light ကင္မရာ နည္းပညာပါတဲ့ Xiaomi စမတ္ဖုန္းေတြကို ျမင္ေတြ႕ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : XDA Developer, Android Authority

[Unicode]

Nokia 9 PureView လိုမျိူး ကင်မရာဒီဇိုင်းကို Xiaomi ဖုန်းတွေမှာ မြင်တွေ့ရဖွယ်ရှိ

Xiaomi ဟာ Light ဆိုတဲ့ ကင်မရာကုမ္ပဏီတစ်ခုနဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အကျိူးတူလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ Light ရဲ့ Camera Lens ပေါင်းစပ်မှုဒီဇိုင်းနဲ့ နည်းပညာတွေကိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Nokia 9 PureView မှာ မြင်တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း ထွက်ရှိလာမယ့် Xiaomi စမတ်ဖုန်းတွေမှာ Nokia 9 PureView လိုမျိူး ကင်မရာ ဒီဇိုင်းကို မြင်တွေ့နိုင်ဖွယ် ရှိနေပါတယ်။

Nokia 9 PureView ဟာ ကျောဘက် ကင်မရာ ၅လုံးပါတဲ့ Penta-lens Camera Setup ကို အသုံးပြုထားတာဖြစ်ပြီး၊ Camera Lens တွေရဲ့ ပေါင်းစပ်မှု ရလဒ်တွေက တော်တော်လေး ကောင်းမွန်တယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ Nokia 9 PureView ရဲ့ ကျောဘက်ကင်မရာ ဒီဇိုင်းကြီးကို မနှစ်သက်ကြပါဘူး။ တကယ်တော့ Nokia 9 PureView ရဲ့ ကျောဘက်ကင်မရာဒီဇိုင်းက ရုပ်ဆိုးတယ်လို့ ပြောလို့မရသေးသလို Camera Sensor ၅လုံးပါတာကလည်း များတယ်လို့ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Light က Camera Sensor ၁၆လုံးအထိပါပြီး၊ Nokia 9 PureView ထက် ပိုရုပ်ဆိုးတဲ့ Light L16 Camera ကို ထုတ်လုပ်ထားပြီး ဖြစ်လို့ပါ။ ဒါပေမယ့် Light L16 Camera က ဘယ်လောက်ကြီးပဲ ရုပ်ဆိုးတယ်ပြောပြော ထုတ်လုပ်ထားသမျှ Camera အားလုံး ရောင်းကုန်သွားပြီ ဖြစ်ပါတယ်။

Light ရဲ့ ကင်မရာနည်းပညာဟာ မတူညီတဲ့ ဓာတ်ပုံ ၁၀ပုံကို ပေါင်းစပ်ပြီး အရည်အသွေးမြင့် ဓာတ်ပုံ ၁ပုံရအောင် ဖန်းတီးပြုလုပ်ပေးတယ်လို့ သိရပါတယ်။ Light ကုမ္ပဏီရှိ ရင်းနှီးမြှပ်နှံသူတွေထဲမှာ Huawei စမတ်ဖုန်း ကင်မရာတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ Leica ကုမ္ပဏီလည်းပါဝင်ပါတယ်။ ဒါ့အပြင် Light နဲ့ ပူးတွဲလုပ်ဆောင်တဲ့ ကုမ္ပဏီတွေဟာ HMD Global နဲ့ Xiaomi တို့သာမက Sony လည်း ပါဝင်တယ်လို့ သိရပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ၂၀၁၉ခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၀ခုနှစ်လောက်မှသာ Light ကင်မရာ နည်းပညာပါတဲ့ Xiaomi စမတ်ဖုန်းတွေကို မြင်တွေ့နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : XDA Developer, Android Authority