Xiaomi ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့တုန်းက Redmi Note 9 Pro 5G ပါဝင်တဲ့ Redmi Note 9 စီးရီးကို တရုတ်နိုင်ငံဈေးကွက်ထဲမှာ ဖြန့်ချိခဲ့ပါတယ်။ ဒါက ဥရောပမှာ Mi 10T Lite ကို ပြုပြင်ထားတဲ့ ဗားရှင်းပါပဲ။ အခုဆိုရင် အိန္ဒိယအတွက် အလားတူမော်ဒယ်နံပါတ်နဲ့ Device ကို Google Play Supported Devices List မှာ တွေ့မြင်နေရပါပြီ။

Mukul Sharma ရဲ့ မှတ်ချက်အရ Google Play Supported Devices List မှာ ကုဒ်နာမည်ကို “gauguinipro” အဖြစ် ပြသပြီး၊ မော်ဒယ်နံပါတ်ကိုတော့ Xiaomi ရဲ့ အောက်ဖြစ်တဲ့ “M2007J17I” အဖြစ် ဖော်ပြထားတယ်လို့ သိရပါတယ်။ မော်ဒယ်နံပါတ်နဲ့ ကုဒ်နာမည်တွေကိုအခြေခံပြီးကြည့်လိုက်မယ်ဆိုရင် Mi 10T Lite(Europe)- M2007J17G, Redmi Note9 Pro 5G(China)- M2007J17C, India listing(Mi 10i)- M2007J17I စတဲ့အစဉ်အလာတွေကြောင့် အခု Device ဟာ အိန္ဒိယမူကွဲကို ညွှန်းဆိုနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကုဒ်နာမည် “gaugin” နဲ့ “gauginpro” ပါဝင်တဲ့ Xiaomi Device နှစ်ခုကို MIUI code မှာ ပြသခဲ့ဖူးပါတယ်။ ဒီဗားရှင်းနှစ်ခုမှာ 108MP နဲ့ 64MP တွေပါဝင်ပြီး တရုတ်၊ အိန္ဒိယနဲ့ နိုင်ငံတကာဈေးကွက်အသီးသွားမှာ ဖြန့်ချိမယ်လို့ XDA က ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီနောက်မှာပဲ မော်ဒယ်နံပါတ် M200J17C နဲ့ 108MP ကင်မရာပါတဲ့ Device ကို တရုတ်နိုင်ငံမှာ Redmi Note9 Pro 5G အဖြစ် တွေ့မြင်ကြရပါတယ်။

ဒီနေရာမှာ Xiaomi ဟာ အိန္ဒိယအတွက်ဗားရှင်းကိုတော့ 108MP ကင်မရာအသုံးမပြုဖို့ ရွေးချယ်နိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ Mi 10i အတွက်မျှော်လင့်ရတဲ့ Specification တွေကတော့  6.67-inch FHD+ 120Hz LCD display, Qualcomm Snapdragon 750G 5G SoC, circular rear camera layout, 16MP selfie shooter, 4,820mAh battery နဲ့ 33W အမြန်အားသွင်းစနစ်တွေပဲ ဖြစ်ပါတယ်။

Ref: Gizmochina