Xiaomi ဟာ သူ့ရဲ့ ၈ နှစ်ပြည့် Anniversary Phone အဖြစ် ထုတ်လုပ်ထားတဲ့ Xiaomi Mi 8 ကို ဒီနေ့မှာ တရားဝင် Launch လုပ်ခဲ့ပါတယ်။ ဒီဖုန်းကို Mi 8 ၊ Mi 8 Explorer Edition နဲ့ Mi 8 SE ဆိုပြီး Version ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Source: androidauthority.com

ပထမဆုံး ရိုးရိုး Mi 8 ကိုစပြောပါ့မယ်။ Mi 8 ဟာ 88.5 % Screen-to-Body Ratio ကို 6.21-inch AMOLED Full HD+ Display သုံးထားပြီး 18.7:9 Aspect Ratio Panel နဲ့ပါ။ Snapdragon 845 Processor ကိုသုံးထားပြီး 6GB RAM နဲ့ Storage ကို 256GB ထိတိုးလို့ရပါတယ်။ Camera အနေနဲ့ကတော့ Back Camera ကို twin 12MP Sensors နဲ့ Dual Camera ကိုတွေ့ရမှာပါ။

ဒါ့အပြင် 1.4-Micron Pixels ၊ OIS ၊ Dual-Pixel Autofocus နဲ့ AI-Powered Portrait Mode တို့ပါဝင်ပါတယ်။ AI-Powered Camera ဆိုတဲ့အတိုင်း ဓာတ်ပုံရိုက်တဲ့အခါ အသင့်လျော်ဆုံး Setting ကို အလိုအလျောက်ချိန်ညှိပေးပြီး “Studio Lighting” Portrait Photography လည်းပါပါတယ်။ ရှေ့ Camera အနေနဲ့ကတော့ 20MP ကို f/2.0 Aperture ကိုသုံးထားတာတွေ့ရပါတယ်။

Source: androidauthority.com

Mi 8 Explorer Edition ကတော့ Mi 8 နဲ့အတော်လေးဆင်ပါတယ်။ ဒါပေမယ့် မြင်တဲ့သူတိုင်းကို ဆွဲဆောင်နေတာကတော့ See-through Glass Back ပါပဲ။ ဒါ့အပြင် iPhone X မှာပါခဲ့တဲ့ Infrared Light 3D Face Unlock နည်းပညာကိုသုံးထားတဲ့ ပထမဆုံး Android Device ဖြစ်သွားပါပြီ။ ပြီးတော့ ဒီ 3D Face Recognition System က iPhone X လိုမျိုး Animoji Clone တွေလည်း လုပ်လို့ရပါတယ်။

ဒါ့အပြင် In-Display-Fingerprint Scanner လည်းပါပါတယ်။ ဒါပေမယ့် Vivo X21 နဲ့ Huawei Mate RS မှာပါတဲ့ In-Display-Fingerprint Scanner နဲ့မတူတာကတော့ Mi 8 Explorer Edition က Pressure Sensitive Scanner ပါ။ ဒါဟာ ဖုန်းကို Unlock လုပ်ရာမှာ ပိုမြန်စေပါတယ်။

Source: androidauthority.com

Mi 8 SE ကတော့ အပေါ်က Version ၂ မျိုးနဲ့ နည်းနည်းကွာပြီး ဈေးလည်းသက်သာတယ်လို့ ဆိုပါတယ်။ 5.88-inch AMOLED Display ကိုသုံးထားပြီး Processor ကတော့ အရင်တစ်ပတ်လောက်ကမှ ထွက်ရှိထားတဲ့ Snapdragon 710 နဲ့ Run ထားပါတယ်။ Mi 8 SE ဟာ Version ၃ မျိုးလုံးမှာ ဈေးအနည်းဆုံး ဖြစ်မယ်ဆိုပေမယ့် ဘယ်လောက်လဲဆိုတာ အတိအကျမသိရသေးပါဘူး။

Mi 8 (6GB RAM/64GB) ကတော့ $421 ၊ 6GB/128GB Model ကို $468 နဲ့ 6GB/256GB Model ကိုတော့ $515 နဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Mi 8 Explorer Edition ရဲ့ အမြင့်ဆုံး Model ကိုတော့ $577 နဲ့ ရောင်းချမယ်လို့ဆိုပါတယ်။ Version ၃ မျိုးလုံးကို တရုတ်မှာ ဇွန်လ ၅ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ကျန်တဲ့ နိုင်ငံတွေကိုတော့ ဇွန်လ ၈ ရက်မှ စတင်ရောင်းချမယ်လို့သိရပါတယ်။