Gartner အမည်ရ သုတေသန ကုမ္ပဏီက  ၂၀၂၀ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထူးခြားတာက Xiaomi ဟာ Apple ကို ကျော်တက်ကာ ကမ္ဘာ့ နံပါတ် ၃ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး  ဘွဲ့ကို သိမ်းပိုက်လိုက်ပါတယ်။

ကွာတား ၃ မှာ စုစုပေါင်း စမတ်ဖုန်း ရောင်းအားဟာ ၃၆၆.၇ သန်း ရှိပြီး ၂၀၁၉ ကွာတား ၃ ရဲ့ ၃၈၈.၈ သန်းထက် ၅.၇ ရာခိုင်နှုန်း နည်းသွားပါတယ်။ Samsung က နံပါတ် ၁ ဖုန်းရောင်းအား အကောင်းဆုံး ချန်ပီယံဘွဲ့ကို ဆက်လက်သိမ်းပိုက်လိုက်နိုင်ပြီး အရင်နှစ်ရဲ့ ၇၉.၁ သန်းကနေ ၈၀.၈ သန်း အထိ တိုးတက်လာပါတယ်။ ဈေးကွက်ဝေစုက ၂၀.၃ ကနေ ၂၂.၀ ရာခိုင်နှုန်း တက်လာပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုတွေ ရှိနေပေမယ့် နံပါတ် ၂ နေရာကို Huawei က ရယူထားပြီး ရောင်းအားကတော့ ၆၅.၈ သန်း ကနေ ၅၁.၈ သန်းကို ကျသွားသလို ဈေးကွက်ဝေစုကလည်း ၁၆.၉ ကနေ ၁၄.၁ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။

Xiaomi က နံပါတ် ၃ နေရာကို Apple ဆီကနေ လုယူလိုက်ပြီး ၃၂.၉ သန်းကနေ ၄၄.၄ သန်းအထိ တက်လာပါတယ်။ Apple က နံပါတ် ၄ နေရာရောက်သွားပေမယ့် ၄၀.၈ သန်းကနေ ၄၀.၆ သန်းလောက် ကျသွားပါတယ်။ ထိပ်ဆုံး ၅ နေရာကို ဝင်ယူလာတာက OPPO ဖြစ်ပြီး ဈေးကွက်ဝေစုက ၇.၉ ကနေ ၈.၂ ရာခိုင်နှုန်း အထိ တက်လာပါတယ်။

Ref : gizchina