လွန်ခဲ့တဲ့ ၁ လလောက်က Xiaomi က Mi 10 Youth Edition  အတွက် Virtual Unboxing ပြုလုပ်ပေးခဲ့ပြီး အခုတော့ Mi 10 5G ကိုလည်း VR အရသာနဲ့ ကြည့်ရှုလေ့လာနိုင်ပါပြီ။ ဒီလို ကြည့်ဖို့ VR Headset မလိုအပ်ဘဲ ဝက်ဘ်ဆိုက်ကို သွားကြည့်နိုင်ပါတယ်။

VR နည်းလမ်းနဲ့ဆိုရင် စမတ်ဖုန်းကို ရှုထောင့်မျိုးစုံကနေ ကြည့်ရှုနိုင်ပြီး ဖုန်းအတွင်းပိုင်းက အစိတ်အပိုင်းတွေကို အနီးကပ် လေ့လာနိုင်ပါတယ်။ Twilight Grey နဲ့ Coral Green ၂ ရောင် ပြောင်း ကြည့်ရှုနိုင်ပြီး ဖုန်း ၁ ခုလုံးနဲ့ ကင်မရာ Specs တွေကို ဖော်ပြထားပါတယ်။ ဒီလင့်ကနေ VR အရသာနဲ့ ကြည့်ရှုခံစားနိုင်ပါတယ်။

Mi 10 5G ကို တရုတ်မှာ ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး ၆.၆၇ လက်မ FHD+ မျက်နှာပြင် ပါလာပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်နားက Punch Hole မှာ 20MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 108MP , 13MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ Snapdragon 865 မောင်းနှင်ထားပြီး 12GB RAM/256GB Storage ထည့်ထားပါတယ်။

30W Fast Wired နဲ့ 30W Fast Wireless Charging ပါတဲ့ 4,780mAh ဘက်ထရီ ပါလာပြီး 5W Reverse Wireless Charging  လည်း ထည့်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ NFC ၊ IR Blaster တွေ ပါလာပြီး Android 10 မောင်းနှင်ထားပါတယ်။

Ref : gizmochina