စွမ်းရည်မြင့် Xiaomi Mi 10 Series တွေရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Xiaomi က စပိန်နိုင်ငံ ဘာစီလိုနာမှာ ထုတ်ကုန် အသစ်တွေကို ဒီလ ၂၃ ရက်နေ့ မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။ MWC 2020 နည်းပညာ ပြပွဲမှာ မိတ်ဆက်မှာ ဖြစ်ပြီး Mi 10 နဲ့ Mi 10 Pro တို့ ဖြစ်နိုင်ပါတယ်။ တွစ်တာမှာ မျှဝေထားတဲ့ ဓါတ်ပုံမှာ 10 စာလုံးကို ခပ်ကြီးကြီး ရေးထားပါတယ်။
Lights…? READY!
Camera…? READY!
ACTION!#Mi10 series…See you on Feb. 23! #LightsCameraAction pic.twitter.com/tTBzaK5faP
— Xiaomi #First108MPPentaCam (@Xiaomi) February 8, 2020
အရင်ပေါက်ကြားထားတဲ့ သတင်းအရ Mi 10 Pro ကို ဒီလ ၁၀ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးကို ၁၃ ရက်နေ့မှာ အွန်လိုင်းကနေ ကြေညာမှာ ဖြစ်ပါတယ်။ Mi 10 ကို ၁၄ ရက်နေ့နဲ့ Mi 10 Pro ကို ၁၈ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။
Xiaomi ရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ဓါတ်ပုံတွေ တင်ထားပြီး ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ အဲဒီအတွက် မိတ်ဆက်ပွဲဟာ ၂ ရက်တောင် ဖြစ်နေပြီး ၁၃ ရက်နေ့ဟာ အကြိုမိတ်ဆက်ပွဲ ဖြစ်နိုင်ပါတယ်။ တရုတ် လူမှု ကွန်ရက် ဝီဘိုက ဓါတ်ပုံတွေအရ Mi 10 ၂ လုံးထဲက အနည်းဆုံး ၁ လုံးမှာ UFS 3.0 Storage ပါလာနိုင်ပါတယ်။
ဘယ်နေ့မှာပဲ မိတ်ဆက်သည်ဖြစ်စေ သိပ်တော့ မကြာတော့ပါဘူး။ Mi 10 မှာ Snapdragon 865 Chipset နဲ့ 108MP ကင်မရာ ပါလာနိုင်ပါတယ်။ သတင်းအရင်းအမြစ်အများစုက Mi 10 နဲ့ Mi 10 Pro ၂ လုံးစလုံးမှာ Samsung ရဲ့ Resolution အလန်းစား ကင်မရာ အသစ်နဲ့ 5x Zoom ကင်မရာ ပါမယ်လို့ ပြောထားပါတယ်။ Pro မှာ ၆.၄ လက်မ FullHD+ 120Hz OLED မျက်နှာပြင်၊ LPDDR5 RAM ၊ 5,250mAh ဘက်ထရီ ၊ 66W Fast Charger နဲ့ 16GB RAM အထိ ပါမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gsmarena