Xiaomi ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပြုလုပ်မယ့် Mi 10 Series Launch Event ကို လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် Beijing မှာ Offline Launch Event ပြုလုပ်မှာမဟုတ်တေ့ာဘဲ Online ကနေပဲ မိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေက ဆက်တိုက်ထွက်ရှိနေတာဖြစ်ပါတယ်။

အခုအချိန်အထိတော့ Xiaomi ကနေ Mi 10 Series တွေကို Online Event ပဲ ပြုလုပ်သွားမလားဆိုတာကို အတည်မပြုရသေးပေမယ့် ဒီလိုမျိုး ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုမြင့်မားနေတဲ့အချိန်မှာ Offline Launch Event လုပ်တာက အန္တရာယ်များတဲ့လုပ်ရပ်တစ်ခုဖြစ်မှာပါ။

ဒါတင်မဟုတ်သေးဘဲ Xiaomi ရဲ့ Gaming Brand ဖြစ်တဲ့ Black Shark ရဲ့ CEO ဖြစ်တဲ့ Lau Yuzhou ကိုယ်တိုင်ကလည်း အခုလိုမျိုး ဗိုင်းရပ်စ်အခြေအနေကြောင့် Black Shark 3 Gaming Phone အသစ်ကိုလည်း Online ကနေပဲ ပြုလုပ်သွားဖို့များနေတယ်လို့ Hint ပြောကြားခဲ့ပါသေးတယ်။ နောက်ထပ် Chinese Leakster အချို့ကလည်း အခု Mi 10 Series နဲ့ Black Shark 3 စမတ်ဖုန်းတွေကို Online ကနေပဲ Launch လုပ်သွားဖို့ စီစဥ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ 5G Support အပြင် Qualcomm Snapdragon 865 ၊ RAM 16GB ၊ 512GB Storage အပြင် 66W Fast Charging ကို Mi 10 Pro ဖုန်းမှာ Support ပြုလုပ်လာဦးမှာဖြစ်ပါတယ်။ Display အနေနဲ့လည်း 120Hz Punch-hole Display အပြင် 108MP Quad Camera Setup ကို အသုံးပြုလာမှာပါ။

Xiaomi Black Shark 3 Gaming Phone မိတ်ဆက်မယ့်အချိန်နဲ့ ပါဝင်မယ့် Specs တွေကိုတေ့ာ အတိအကျမသိရှိရသေးပေမယ့် Mi 10 Pro လိုမျိုးပဲ Snapdragon 865 ၊ 16GB RAM နဲ့ QHD+ 120Hz OLED Display ကို အသုံးပြုလာဖို့များနေပါတယ်။

Ref – Gizmo China