လာမယ့်ရက်သတ္တပတ်မှာ Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ စမတ်ဖုန်းစျေးကွက်ထဲ ဝင်ရောက်တာ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပွဲကျင်းပသွားမှာ ဖြစ်ကာ Mi 10 Pro Plus နဲ့ Redmi K30 Extreme Commemorative Edition အမည်ရ စမတ်ဖုန်းသစ် နှစ်လုံး မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားပါတယ်။

ယနေ့မှာတော့ Xiaomi တွဲဖက် တည်ထောင်သူနဲ့ ဥက္ကဌ Lei Jun ဟာ စမတ်ဖုန်းသစ် တစ်လုံးအတွက် Teaser ကို စတင်လာခဲ့ပြီး တရုတ်ပြည်ပစျေးကွက်တွေမှာ Xiaomi Mi 10 Ultra အမည်ဖြင့် မိတ်ဆက်လာမယ့် စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်မှာတော့ Mi 10 Supreme Edition လို့ ခေါ်တွင်မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

Xiaomi အကြီးအကဲဟာ နောက်ထပ် အချက်အလက် အနည်းငယ်ကိုလည်း ထပ်မံ ဖော်ပြခဲ့သေးပြီး Mi 10 Ultra ဟာ ဗားရှင်းနှစ်မျိုး အနည်းဆုံး ထွက်လာမှာ ဖြစ်ကြောင်းနဲ့ တစ်ခုက Collector’s Edition လို့ ခေါ်တွင်မယ့် ပုံစံပါပဲ။

Ref – GSMArena