Unicode
Xiaomi ကနေ ဒီနှစ်အတွက် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Mi 10 Series စမတ်ဖုန်းတွေကို မကြာခင်မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Xiaomi ကနေ လာမယ့် ဖေဖော်ဝါရီလ အစောပိုင်းမှာ Mi 10 စမတ်ဖုန်းတွေကို မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိထားပေမယ့် ဘယ်သူမှတော့ အတိအကျမပြောနိုင်သေးပါဘူး။
အခုအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ Social Media ဖြစ်တဲ့ Weibo မှာ Xiaomi Mi 10 ရဲ့ Teaser Photo လို့ ယူဆရတဲ့ ဓါတ်ပုံတစ်ပုံထွက်ပေါ်လာခဲ့ပြီးတော့ Launch Date အပြင် နောက်ကျောဘက် Design ကိုပါ ဖော်ပြထားခဲ့ပါတယ်။ ဒီ Teaser ဓါတ်ပုံအရတော့ Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ Samsung Galaxy S20 Series မိတ်ဆက်မယ့်အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Launch Event ကိုတော့ တရုတ်နိုင်ငံ Beijing မြို့မှာပဲ ပြုလုပ်သွားမှာပါ။
Launch Date အပြင် Xiaomi Mi 10 ရဲ့ Back Design ကိုပါ အဆိုပါ Teaser ဓါတ်ပုံမှာ ထည့်သွင်းထားပြီးတော့ Xiaomi ရဲ့ Concept စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi Mix Alpha ရဲ့ Camera Design နဲ့ တူညီတဲ့ Design ကိုသုံးစွဲထားတာဖြစ်ပါတယ်။ Camera တွေအနေနဲ့ကတော့ Quad Camera Setup ကို သုံးစွဲထားတာလည်း တွေ့ရှိရပါတယ်။
ဒါပေမယ့်လည်း အခု Teaser ဓါတ်ပုံဟာ Xiaomi ကနေ ကိုယ်တိုင်ထုတ်ပြထားတာမဟုတ်တဲ့အတွက် Fake ဖြစ်နိုင်ခြေလည်းရှိနေပြီးတော့ တကယ်တမ်း အခု Teaser ပုံနဲ့ တူညီတဲ့ Design အတိုင်းမိတ်ဆက်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။
Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းတွေဟာ 90Hz Refresh Rate နဲ့ 120Hz Refresh Rate ရှိတဲ့ Display တွေပါဝင်လာမှာဖြစ်ပြီးတော့ Battery Charging အနေနဲ့လည်း Mi 10 Pro မှာ 66W Fast Charging Support အထိရရှိလာမှာဖြစ်ပါတယ်။ Mi 10 မှာတော့ Primary Camera Sensor က 64MP ပဲရှိမှာဖြစ်ပေမယ့် Mi 10 Pro မှာတော့ 108MP Sensor ကို အသုံးပြုလာမှာပါ။ ဒီ Mi 10 Series ဖုန်းတွေအကုန်လုံးက Qualcomm Snapdragon 865 Processor ကို သုံးစွဲလာမှာဖြစ်ပြီး 5G Support အပြင် စျေးနှုန်းအနေနဲ့ မြန်မာငွေ ၈ သိန်းဝန်းကျင်ကနေ စတင်ရောင်းချသွားမယ်လို့ ယူဆရပါတယ်။
Ref – Gizmo China
Zawgyi
Ref – Gizmo China