[Unicode]

Xiaomi က Mi 10 ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး Snapdragon 865 Chipset ပါတဲ့ အစောဆုံး စမတ်ဖုန်းတွေထဲက ၁ လုံးဖြစ်လာမှာပါ။ အခုတော့ တရုတ်က Leakster ၁ ယောက်က Mi 10 ရဲ့ သတင်းအချက်အလက် တချို့ကို ဖွလိုက်ပါတယ်။ အဲဒါကတော့ Mi 10 မှာ Mi Note 10 မှာလို 108MP ကင်မရာ ပါမယ်ဆိုတာပါပဲ။

Samsung နောက်ဆုံးထုတ် ကင်မရာ ဆန်ဆာနဲ့ Qualcomm နောက်ဆုံးထုတ် စွမ်းရည်မြင့် SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ Mi 10 ဟာ ဒီနှစ်ထဲ အစောဆုံးထွက်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းတွေထဲက ၁ လုံးဖြစ်လာမှာပါ။

Xiaomi Mi 10 မှာ အနောက်ကင်မရာ ၄ လုံးပါလာနိုင်ပြီး Mi 9 လိုပဲ ဘယ်ဘက်အထက်မှာ ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မပါရှိပါဘူး။ အရှေ့ဘက်မှာ OLED မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး ဆဲလ်ဖီး ကင်မရာကို ဘယ်ဘက်အထက်မှာ Punch-hole ဒီဇိုင်း တပ်ဆင်ထားနိုင်ပါတယ်။

တခြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ Mi 10 ရဲ့ Pro မော်ဒယ်မှာ 66W အထိ ထောက်ပံ့တဲ့ Ultra-fast Charging ပါလာနိုင်ပြီး ၃၅  မိနစ်အတွင်းမှာ အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။ Mi 10 Pro မှာ 4,800mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Xiaomi Mi 10 မွာ 108MP ကင္မရာ ပါလာႏိုင္

Xiaomi က Mi 10 ကို မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္ၿပီး Snapdragon 865 Chipset ပါတဲ့ အေစာဆုံး စမတ္ဖုန္းေတြထဲက ၁ လုံးျဖစ္လာမွာပါ။ အခုေတာ့ တ႐ုတ္က Leakster ၁ ေယာက္က Mi 10 ရဲ႕ သတင္းအခ်က္အလက္ တခ်ိဳ႕ကို ဖြလိုက္ပါတယ္။ အဲဒါကေတာ့ Mi 10 မွာ Mi Note 10 မွာလို 108MP ကင္မရာ ပါမယ္ဆိုတာပါပဲ။

Samsung ေနာက္ဆုံးထုတ္ ကင္မရာ ဆန္ဆာနဲ႔ Qualcomm ေနာက္ဆုံးထုတ္ စြမ္းရည္ျမင့္ SoC ပါတဲ့ ပထမဆုံး စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ Mi 10 ဟာ ဒီႏွစ္ထဲ အေစာဆုံးထြက္မယ့္ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြထဲက ၁ လုံးျဖစ္လာမွာပါ။

Xiaomi Mi 10 မွာ အေနာက္ကင္မရာ ၄ လုံးပါလာႏိုင္ၿပီး Mi 9 လိုပဲ ဘယ္ဘက္အထက္မွာ ကင္မရာေတြကို ေဒါင္လိုက္ တပ္ဆင္ထားႏိုင္ပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာ႐ုံခံ ကိရိယာ မပါရွိပါဘူး။ အေရွ႕ဘက္မွာ OLED မ်က္ႏွာျပင္ တပ္ဆင္ထားႏိုင္ၿပီး ဆဲလ္ဖီး ကင္မရာကို ဘယ္ဘက္အထက္မွာ Punch-hole ဒီဇိုင္း တပ္ဆင္ထားႏိုင္ပါတယ္။

တျခား ထြက္ေပၚေနတဲ့ သတင္းေတြအရ Mi 10 ရဲ႕ Pro ေမာ္ဒယ္မွာ 66W အထိ ေထာက္ပံ့တဲ့ Ultra-fast Charging ပါလာႏိုင္ၿပီး ၃၅ မိနစ္အတြင္းမွာ အားအျပည့္ျဖည့္ေပးႏိုင္ပါတယ္။ Mi 10 Pro မွာ 4,800mAh ဘက္ထရီ ထည့္သြင္းထားႏိုင္ပါတယ္။

Ref : gsmarena