Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mi 10 Ultra ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi 10 Ultra စမတ်ဖုန်းဟာ 120x Zoom Support ပြုလုပ်တဲ့ Camera Setup ၊ 120W Fast Charging နဲ့ 120Hz Refresh Rate Display တွေပါဝင်မှာလည်းဖြစ်ပါတယ်။

အခုလည်း Qualcomm ကနေ Xiaomi Mi 10 Ultra ဟာ ပထမဆုံးအနေနဲ့ Adreno GPU Control Panel Feature ကို Support ပြုလုပ်တဲ့ စမတ်ဖုန်းဖြစ်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါကလည်း Mi 10 Ultra မှာ Snapdragon 865+ မဟုတ်တဲ့ ပုံမှန် Snapdragon 865 Chipset ကိုပဲ အသုံးပြုထားတဲ့အတွက် အနည်းငယ်ထူးခြားနေတယ်လို့တောင် ပြောရမှာပါ။

အဆိုပါ Adreno GPU Control Panel ဟာ MIUI ရဲ့ Game Turbo 4.0 ထဲမှာ ပါဝင်မှာဖြစ်ပြီး အသုံးပြုသူတွေကို GPU Function တွေဖြစ်တဲ့ Anti-aliasing ၊ Anisotropic Filtering ၊ Texture Filtering ၊ Frame Rate နဲ့ တခြားသော Function တွေကို အလွယ်ပြောင်းလဲနိုင်စေမှာဖြစ်ပါတယ်။ ဒါက Desktop Gaming GPU တစ်ခုနီးပါးကို Customized ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Mi 10 Ultra မှာ အသုံးပြုထားတဲ့ Adreno 650 GPU ဟာ Driver Update တွေကိုလည်း Support ပြုလုပ်တဲ့အတွက် နောက်ပိုင်းမှာ Driver Update တွေကနေ တစ်ဆင့်စွမ်းဆောင်ရည်ပိုကောင်းလာနိုင်ပါသေးတယ်။ အဲ့ဒီအတွက် Gaming Phone တစ်လုံးမဟုတ်ပေမယ့်လည်း Gaming ပိုင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်မယ်လို့ ယူဆရပါတယ်။

တစ်ခုရှိတာကတော့ Mi 10 Ultra စမတ်ဖုန်းဟာ Global စျေးကွက်အတွက် ထွက်ရှိလာမှာမဟုတ်တဲ့အတွက် Global စျေးကွက်မှာတော့ Adreno GPU Control Panel ပါဝင်တဲ့ စမတ်ဖုန်းမရှိသေးဘူးလို့ ပြောရမှာပါ။

Ref – Gizmo China