Xiaomi ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက အောင်မြင်တဲ့ 3rd Generation Under-screen Selfie Camera ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ Xiaomi ကနေ Under-screen Selfie Camera ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိသေးပါဘူး။

လောလောဆယ်မှာ ZTE ကနေ Under-screen Selfie Camera ပါဝင်တဲ့ Axon 20 5G ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း Xiaomi ကနေ မိတ်ဆက်ခဲ့တဲ့ 3rd Gen Under-screen Selfie Camera နည်းပညာကတော့ ပိုပြီးကောင်းမွန်တယ်လို့ ယူဆရပါတယ်။

အခုလည်း Xiaomi ကနေ မိတ်ဆက်ခဲ့ပြီးဖြစ်တဲ့ Mi 10 Ultra ဖုန်းမှာ Under-screen Selfie Camera ကို စမ်းသပ်ခဲ့ဖူးသေးတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် Mi 10 Ultra ဖုန်းမှာ Under-screen Selfie Camera ပါဝင်တဲ့ Version ရဲ့ Hands-on Video တစ်ခုက ထွက်ပေါ်လာခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Hands-on Video အရတော့ Mi 10 Ultra နဲ့ နောက်ကျောဘက် Design အရတူညီနေတဲ့ ဖုန်းတစ်လုံးကိုတွေ့ရှိရတာဖြစ်ပြီး အရှေ့ဘက်မှာတော့ Hole-punch Selfie Camera အစား လုံးဝ Display အပြည့်ဖြစ်နေတာပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Selfie Camera ကို မြင်ရခြင်းမရှိပေမယ့် ကောင်းစွာအလုပ်လုပ်နေနိုင်တာကိုတွေ့ရပါတယ်။

အဆိုပါ Leak သတင်းအရတော့ Xiaomi ကနေ လာမယ့်အောက်တိုဘာနဲ့ နိုဝင်ဘာလဝန်းကျင်မှာ Under-screen Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းက Mi 10 Ultra ပဲဖြစ်လာမလား၊ ဒါမှမဟုတ် မတူညီတဲ့ နောက်ထပ် စမတ်ဖုန်းတစ်လုံးဖြစ်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena