Xiaomi က Mi 10 Series တွေကို ထုတ်ရတာ အားမရသေးတဲ့ပုံပါပဲ။ အခုလည်း Mi 10i ကို ကြေညာလိုက်ပြီး ဒီဇိုင်းနဲ့ Specs တွေက Redmi Note 9 Pro 5G နဲ့ တူညီပါတယ်။ မတူညီတာက Mi 10i ကို Make in India Program ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အိန္ဒိယမှာ ထုတ်လုပ်ထားတာပါ။

Xiaomi Mi 10i launched in India with SD 750G, 120Hz LCD and 108MP camera

Mi 10i ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက Samsung ရဲ့ 108MP ISOCELL HM2 Sensor ဖြစ်ပြီး 8MP Ultrawide , 2MP Macro , 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ အရွယ်သေး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Xiaomi Mi 10i launched in India with SD 750G, 120Hz LCD and 108MP camera

Mi 10i မှာ ၆.၆၇ လက်မ LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဗီဒီယိုတွေကြည့်ရင် 30Hz ကနေ ဂိမ်း ကစားရင် 120Hz ကို အလိုလို ပြောင်းပေးနိုင်တာက မိုက်ပါတယ်။ HDR10+ ထောက်ပံ့ထားပြီး HD Streaming အတွက် Widevine L1 အသိအမှတ်ပြုလက်မှတ်ရထားပါတယ်။

Xiaomi Mi 10i launched in India with SD 750G, 120Hz LCD and 108MP camera

Mi 10i မှာ 5G ထောက်ပံ့တဲ့ Snapdragon 750G Chipset မောင်းနှင်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,820mAh ဘက်ထရီ ပါပါတယ်။ စတီရီယို စပီကာ၊ နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ IR Blaster တွေ ထည့်သွင်းထားပြီး Midnight Black, Atlantic Blue နဲ့ Pacific Sunrise အရောင်တွေ ထုတ်လုပ်ထားပါတယ်။

6/64GB ကို ၂၀,၉၉၉ ရူပီး ၊ 6/128GB ကို ၂၁,၉၉၉ ရူပီး နဲ့ 8/128GB ကို ၂၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃ သိန်း ၈ သောင်းလောက်ကျသင့်မှာ ဖြစ်ပြီး ၈ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena