Xiaomi က သတင်းကြီးနေတဲ့ Mi 11 ကို တရားဝင် ကြေညာလိုက်ပါပြီ။ ထူးခြားတာက Mi 11 Series အတွက် အဲဒီ ၁ လုံးပဲ မိတ်ဆက်လိုက်တာပါ။ Mi 11 ဟာ Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပြီး ၆.၈၁ လက်မ AMOLED QHD+ မျက်နှာပြင်ပါလာပါတယ်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင်  တုန့်ပြန်မှု အရမ်းကောင်းပြီး အမြင့်ဆုံး အနေနဲ့ 1,500 nits Brightness အထိ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး microSD Card စိုက်လို့ မရပါဘူး။

ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 108MP Main , 13MP Ultrawide Angle နဲ့ 5MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP Punch Hole ၁ လုံး ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘက်တွေဟာ ကွေးညွှတ် ဒီဇိုင်း  ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

4,600mAh ဘက်ထရီ ထည့်သွင်းထားပြီး 55W Wired Fast Charging , 50W Wireless နဲ့ 10W Reverse Charging တွေ ထောက်ပံ့ထားပါတယ်။ Xiaomi က ဘူးထဲမှာ Charger မထည့်ပေးထားဘဲ Compatible Charger မရှိသူတွေအတွက် 55W GaN Adapter ကို အခမဲ့ ပေးမှာပါ။

Harman Kardon နည်းပညာ ပါတဲ့ စတီရီယို စပီကာတွေပါလာပြီး ဓါတ်ပုံ၊ ဗီဒီယိုအတွက် Night Mode စွမ်းရည် ပိုကောင်းလာပါတယ်။ dual 5G , WiFi 6E , Bluetooth 5.2 , NFC တွေ ထောက်ပံ့ထားပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ နောက်လ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။ Black, White, Blue, Khaki Vegan Leather, Purple Leather နဲ့ လီဂျွန် လက်မှတ်ပါတဲ့ Special Edition  တွေ ထုတ်လုပ်ထားပါတယ်။

Xiaomi Mi 11 officially arrives as the first phone with Snapdragon 888, brings 1440p screen

8/128GB ကို ၃,၉၉၉ ယွမ် ၊ 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းက စမှာပါ။ မိတ်ဆက်ပွဲမှာ Mi 11 ၁ လုံးထဲကိုပဲ ကြေညာခဲ့ပေမယ့် Periscope Lens ပါတဲ့ Mi 11 Pro ကိုလည်း နောက်ပိုင်းမှာ ချပြနိုင်ပါတယ်။ Mi 11 ကို နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Xiaomi Mi 11 Black Camera

Ref : gsmarena