Xiaomi က စွမ်းရည်မြင့် Mi 11 ကို ပြီးခဲ့တဲ့ လက တရုတ်မှာ ကြေညာခဲ့ပြီး Snapdragon 888 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး အခုတော့ နိုင်ငံတကာမှာ မကြာခင် ရောင်းမယ်လို့ Xiaomi က အတည်ပြုလိုက်ပါတယ်။ Xiaomi က ပိုစတာ ၁ ခုနဲ့ သတင်းပေးလိုက်တာ ဖြစ်ပြီး ရောင်းမယ့် နေ့ရက်အတိအကျကိုတော့ မဖော်ပြထားပါဘူး။

Mi 11 ကို တရုတ်မှာ ပထမ အသုတ် ရောင်းချခဲ့ရာမှာ ၅ မိနစ်အတွင်း အလုံးရေ ၃၅၀,၀၀၀ လောက်အထိ ရောင်းအား ကြမ်းခဲ့ပြီး အဲဒီမတိုင်ခင်က ကြိုတင်မှာယူမှုပေါင်း ၈၅၀,၀၀၀ ကျော်ရခဲ့ပါတယ်။ Xiaomi ဟာ Mi 11 Pro ကိုလည်း ကြေညာဖို့ ပြင်ဆင်နေပြီး လာမယ့် လအနည်းငယ်အတွင်းမှာ ချပြနိုင်ပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

Xiaomi Mi 11 announced: The first Snapdragon 888 phone

Mi 11 အကြောင်း ပြန်ပြောရရင် ၆.၈၁ လက်မ 2K 3200x1440p မျက်နှာပြင် ၊ 120Hz Refresh Rate ၊ 480Hz Touch Sampling Rate နဲ့ Gorilla Glass Victus တွေ ထည့်သွင်းထားပါတယ်။ Snapdragon 888 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည် ထည့်သွင်းထားပါတယ်။

ကင်မရာတွေအကြောင်း ပြောရရင် အနောက်ဘက်မှာ 108MP Main , 13MP Super Wide Angle နဲ့ 5MP Telephoto ၃ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ Android 11 အခြေပြု MIUI 12 မောင်းနှင်ထားပြီး ဘက်ထရီက 4,600mAh ဖြစ်ပါတယ်။ အားသွင်းနှုန်းတွေကို ပြောရရင် 55W Fast Wired Charging , 50W Fast Wireless Charging နဲ့ 10W Reverse Wireless Charging တွေ ထောက်ပံ့ထားပါတယ်။

Ref : gizmochina