DisplayMate က Xiaomi Mi 11 ရဲ့ မျက်နှာပြင်ကို စမ်းသပ်လိုက်ပြီး အရမ်းကောင်းတယ်လို့ သတ်မှတ်လိုက်ပါတယ်။ A+ အဆင့် ပေးထားပြီး DisplayMate ရဲ့ အဆင့်သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ စမ်းသပ်ချက်တိုင်းမှာ Very Good နဲ့ သူ့အထက် ရထားပါတယ်။

Spectra for the Auto Color and sRGB and DCI-P3 Modes

အဲဒီ မျက်နှာပြင်ဟာ sRGB or DCI-P3 Modes နဲ့ Run တဲ့အခါမှာ Calibration က အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းပြီး သက်ဆိုင်ရာ Mode တိုင်းမှာ Color Gamuts ဟာ ၁၀၀ ရာခိုင်နှုန်းအထိ ထောက်ပံ့နိုင်ပါတယ်။ Auto Color က ဓါတ်ပုံတွေ ပိုကြွလာအောင် Saturation နဲ့ Contrast ကို Boost လုပ်ပေးနိုင်ပြီး Saturated Mode က 139% sRGB နဲ့ 111% DCI-P3 Coverage ကို ရောက်ရှိစေပါတယ်။

Xiaomi Mi 11 arrives as the first phone with Snapdragon 888 - GSMArena.com news

Mi 11 မျက်နှာပြင်ဟာ အရမ်းတောက်ပပြီး High Brightness Mode က 100% Average Pixel Level မှာ 996 nits အထိရစေတဲ့အတွက် အဖြူရောင်ကို 100% ပြသပေးပါတယ်။ 50% APL မှာ 1,221 nits ရစေပါတယ်။ sRGB နဲ့ DCI-P3 Mode က 505 nits အထိ ထောက်ပံ့ပေးပါတယ်။ အလင်းပြန်တာ နည်းတဲ့အတွက် တောက်ပတဲ့ နေရောင်အောက်မှာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

အရောင် ထုတ်လုပ်တာ အရမ်း  တိကျပြီး ၃၀ ဒီဂရီနဲ့ကြည့်တဲ့အခါ White Point ဟာ မပြောပလောက်တဲ့ 3.8 JNCD ပဲ ရှိပါတယ်။ အဲဒီ ဒီဂရီမှာ မျက်နှာပြင်တောက်ပမှုကို 29% အထိ လျှော့ချပေးနိုင်ပြီး Mi 11 ဟာ DisplayMate ရဲ့ မျက်နှာပြင် စမ်းသပ်မှု ၁၃ ခုစလုံးမှာ အမှတ်ကောင်းကောင်းရထားပါတယ်။

Ref : gsmarena