Xiaomi ဟာ တရုတ်နိုင်ငံမှာ Mi 11 စမတ်ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ Mi 11 ဖုန်းဟာ လက်ရှိအချိန်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော Qualcomm Snapdragon 888 Chipset ကို အသုံးပြုထားတဲ့ Flagship ဖုန်းလည်းဖြစ်ပါတယ်။

Xiaomi ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာလည်း Mi 11 ဖုန်းကိုပဲ Global Version မိတ်ဆက်ဖို့ရှိနေတဲ့အပြင် Camera ပိုင်းပိုကောင်းလာမယ့် Mi 11 Pro ဖုန်းကိုပါ မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ထပ် Mi 11 Series ဖုန်းတစ်လုံးကိုလည်း မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

အဆိုပါ Mi 11 Series ဖုန်းကတော့ Mi 11 Lite ပဲဖြစ်ပြီး မတ်လဝန်းကျင်မှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ Mi 11 Lite ဖုန်းကိုမှ Mi 11 Lite 4G Version အနေနဲ့ပါ မိတ်ဆက်မှာဖြစ်ပြီး Global စျေးကွက်မှာ POCO F2 နာမည်နဲ့လည်း မိတ်ဆက်လာဖို့များနေပါတယ်။

အခုထွက်ပေါ်လာတဲ့ Render ဓါတ်ပုံတွေအရတော့ Mi 11 Lite ဖုန်းကို အရောင်အနေနဲ့ Blue နဲ့ Black ဆိုပြီး ထုတ်သွားမှာဖြစ်ပြီး Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 120Hz Full HD+ Flat Display ကိုမှ Single Punch-hole Selfie Camera ပါဝင်လာမှာဖြစ်ပါတယ်။

Specification အနေနဲ့ကတော့ Qualcomm Snapdragon 732G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera Sensor တွေအနေနဲ့ကတော့ 64MP + 8MP + 5MP Sensor တွေထည့်သွင်းထားမယ်လို့ သိရပါတယ်။

Xiaomi Mi 11 Lite စမတ်ဖုန်းဟာ စျေးနှုန်း $300 ဝန်းကျင်နဲ့ မိတ်ဆက်လာနိုင်ပြီး မြန်မာငွေ ၄ သိန်းဝန်းကျင်ကျသင့်ဖွယ်ရှိပါတယ်။

Ref – Gizmo China