Xiaomi ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက Mi 11 စမတ်ဖုန်းကို မိတ်ဆက်ထားခဲ့ပြီး Qualcomm Snapdragon 888 Chipset ပါတဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ အဆိုပါ Mi 11 ဖုန်းဟာ QHD+ 120Hz Display ၊ 108MP Camera Setup လိုမျိုး Feature တွေအပြင် တခြားသော စမတ်ဖုန်းတွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ Feature တစ်ခုလည်း ပါဝင်နေပါသေးတယ်။

ဒါကတော့ Xiaomi Mi 11 ဖုန်းရဲ့ Under-display Optical Fingerprint Sensor ကို Heart Rate တိုင်းတာတဲ့နေရာမှာပါ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ အခုလည်း Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကနေ Mi 11 ဖုန်းရဲ့ Heart Rate တိုင်းတာမှုဟာ ပုံမှန် Smartwatch တစ်လုံးထက်တောင် ပိုကောင်းမွန်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါက ဘာကြောင့်လဲဆိုတာကိုလည်း Xiaomi ကနေ တရားဝင်ထုတ်ပြန်ခဲ့ပါသေးတယ်။ Xiaomi ရဲ့ ပြောကြားချက်အရတော့ Heart Rate တိုင်းတာနိုင်ဖို့အတွက် Under-display Fingerprint Sensor ကို ဘာမှပြုပြင်ပြောင်းလဲမှုတွေမလုပ်ခဲ့ဘူးလို့ သိရပါတယ်။ AMOLED Display ကို Light Source အနေနဲ့ အသုံးပြုထားတာဖြစ်ပြီး Optical Fingerprint Sensor က Information Receiver အနေနဲ့ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Display ရဲ့ အလင်းရောင်ကို အသုံးပြုပြီးတော့ တိုင်းတာတဲ့အတွက် ပုံမှန် Smartwatch တွေထက် ပိုပြီးအားကောင်းသလို တိကျမှုကလည်း ပိုပြီးမြင့်မားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ SGS Laboratory မှာ စမ်းသပ်ချက်အရလည်း Mi 11 ဖုန်းဟာ Professional Pulse Oximeter နဲ့ ယှဥ်ရင် ကွာခြားချက်က 2.11 Bpm ပဲရှိတယ်လို့ သိရပါတယ်။ ပုံမှန် Smartwatch တွေနဲ့ Fitness Tracker တွေရဲ့ ကွာခြားချက်က 3 Bpm ဝန်းကျင်ရှိတဲ့အတွက် Mi 11 က ပိုပြီး တိကျတယ်ဆိုတာကိုပါ သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Mi 11 ဟာ ပထမဆုံး Snapdragon 888 စမတ်ဖုန်းဖြစ်သလို စျေးကွက်အတွင်းမှာလည်း အောင်မြင်မှုရရှိနေတဲ့ Flagship ဖုန်းလို့ ပြောရမှာပါ။

Ref – Giz China