Xiaomi ဟာ Snapdragon 875 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့သတင်းကြီးနေပါတယ်။ အဲဒီ ဖုန်းတွေကတော့ Mi 11 နဲ့ Mi 11 Pro တို့ ဖြစ်ပါတယ်။ အခုတော့ Pro Version မှာ QHD+ Resolution နဲ့ 120Hz Refresh Rate ပါမယ်လို့ သတင်းထွက်လာပါတယ်။

Mi 11 Pro ရဲ့ မျက်နှာပြင်ဟာ 1080p Resolution နဲ့ 90Hz Refresh Rate ပဲ ရှိတဲ့ Mi 10 Pro ထက် အများကြီး တိုးတက်လာတာ ဖြစ်ပါတယ်။ Mi 11 Pro မှာ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် ဘယ်ဘက်အထက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင် ဘေးဘက်တွေဟာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်မှာပါ။

Mi 11 Pro ရဲ့ တခြား Specs တွေကို မသိရသေးသလို Qualcomm ကလည်း Snapdragon 875 Chipset ကို နောက်လကျမှ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 120W Fast Charging ပါလာနိုင်ပါတယ်။

Xiaomi ဟာ 80W Wireless Charger ကိုလည်း ပြသထားပြီးပြီ ဖြစ်ပြီး 4,000mAh ဘက်ထရီကို ၁၉ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Xiaomi က စွမ်းရည်မြင့် Mi 11 Series ကို နောက်နှစ် ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena