Qualcomm က Snapdragon 888 5G Chipset ကို ဒီလ အစောပိုင်းက ကြေညာပြီးနောက်မှာပဲ Xiaomi က အဲဒီ Chipset ပါတဲ့ ပထမဆုံး ဖုန်းကို ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီဖုန်းဟာ Mi 11 Series ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ မိတ်ဆက်မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ Xiaomi က Mi 11 Series ကို ဒီလ ၂၈ ရက်နေ့ ကြေညာမယ်လို့ တရားဝင် အတည်ပြုလိုက်ပါပြီ။

Xiaomi Mi 11 December 28 launch confirmed

CMIIT, 3C နဲ့ Geekbench မှာ မှတ်ပုံတင်ထားတဲ့ Xiaomi M2011K2C ဟာ Xiaomi Mi 11 Series ဖုန်း ဖြစ်မယ်လို့ ထင်ရပါတယ်။ Mi 10 Series မှာလိုပဲ Mi 11 Series မှာ Mi 11 နဲ့ Mi 11 Pro တို့ ပါလာနိုင်ပါတယ်။ M2011K2C မော်ဒယ်ဟာ ရိုးရိုး Mi 11 ဖြစ်နိုင်ပါတယ်။

Xiaomi Mi 11 Live Photo Leaked, Smaller Main Lens Than Mi 11 Pro | SPARROWS NEWS

Geekbench က စာရင်းအရ Snapdragon 888 Chipset ပါတဲ့ ဖုန်းမှာ 12GB RAM နဲ့ Android 11 OS ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 3C မှာ 55W Fast Charger ပါမယ်လို့ သတင်းပေးထားပါတယ်။ Mi 11 နဲ့ Mi 11 Pro ၂ လုံးစလုံးဟာ Quad HD+ Resolution ပါတဲ့ Xiaomi ရဲ့ ပထမဆုံး  ဖုန်းတွေအဖြစ် မှတ်တမ်းဝင်သွားနိုင်ပါတယ်။ ၂ လုံးစလုံးမှာ 120Hz Refresh Rate ပါလာနိုင်တဲ့အတွက် ဂိမ်းကစားရင် ရှယ်မိုက်မှာပါ။

Mi 11 ဖုန်း ၂ လုံးရဲ့ အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ အကွက် ပါလာနိုင်ပြီး 108MP Main ကင်မရာ ၁ လုံး ထည့်ထားနိုင်ပါတယ်။ 3C က စာရင်းအရ Mi 11 မှာ 4,780mAh ဘက်ထရီနဲ့ Mi 11 Pro မှာ 4,970mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

Ref : gizmochina