Xiaomi ဟာ အခုဆိုရင် Qualcomm Snapdragon 888 Chipset ကို အစောဆုံးအသုံးပြုလာမယ့် Mi 11 Series စမတ်ဖုန်းတွေကို မကြာခင် မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Xiaomi Mi 11 ရဲ့ Render ဓါတ်ပုံတွေထွက်ရှိခဲ့သလို အခုလည်း ပါဝင်တဲ့ Specification တစ်ခုက ပေါက်ကြားခဲ့ပါပြီ။

ဒါကတော့ Xiaomi Mi 11 မှာ 55W Fast Charging ကို Support ပြုလုပ်မယ်ဆိုပြီး သတင်းထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Mi 11 ဟာ 3C Certification ရရှိထားပြီးဖြစ်သလို Charger အနေနဲ့ MDR-12-EQ ဆိုတဲ့ Model Number နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။

Xiaomi Mi 11 ဖုန်းက 55W Fast Charging Support ပြုလုပ်လာမှာဖြစ်တဲ့အတွက် Mi 11 Pro မှာလည်း တူညီတဲ့ Charging စနစ်ကိုပဲ အသုံးပြုလာမလား၊ ဒါမှမဟုတ် Mi 10 Ultra လိုမျိုး အလွန်မြန်ဆန်တဲ့ 120W Fast Charging အထိ အသုံးပြုလာမလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Mi 11 Pro စမတ်ဖုန်းဟာ 120Hz QHD+ Display ကိုပါ အသုံးပြုလာမှာဖြစ်ပြီး Mi 11 ဖုန်းတော့ သာမန် 120Hz Full HD+ Display ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ Mi 11 ဟာ 55W Fast Charging အပြင် Dual Cell နည်းပညာကိုအသုံးပြုထားတဲ့ 4780mAh Battery ထည့်သွင်းထားမှာလည်းဖြစ်ပါတယ်။

Ref – GSM Arena