Qualcomm ဟာ လာမယ့်နှစ်မှာထွက်ရှိလာမယ့် Flagship ဖုန်းတွေအတွက် Snapdragon 875 Chipset အသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ Snapdragon 875 Chipset ကို အရင်ဆုံး အသုံးပြုလာမယ့် Flagship ဖုန်းက Xiaomi Mi 11 ဖြစ်လာနိုင်ပါတယ်။

ယခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Xiaomi ဟာ Qualcomm ဆီကနေ Snapdragon 875 Chipset တွေကို အစောဆုံးရယူထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထက် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်မိတ်ဆက်နိုင်အောင် Exclusive ရယူထားတယ်လို့လည်း သိရပါတယ်။

Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ Qualcomm Snapdragon Chipset တွေကို အမြဲတမ်းလိုလို အစောဆုံးရရှိပြီး မိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥပမာ Redmi K30 5G Racing Edition ဆိုရင်လည်း လက်ရှိအချိန်အထိ Snapdragon 768 Chipset ကိုအသုံးပြုထားတဲ့ တစ်ခုတည်းသောစမတ်ဖုန်းဖြစ်နေတုန်းပါပဲ။

ဘာပဲဖြစ်ဖြစ် Xiaomi Mi 11 ဟာ တရုတ်နိုင်ငံစမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပထမဆုံးသော Snapdragon 875 Chipset နဲ့ Flagship ဖုန်းဖြစ်လာမှာဖြစ်ပြီး Global စျေးကွက်မှာတော့ Samsung S21 Series က ပထမဆုံးဖြစ်လာနိုင်ပါတယ်။ Galaxy S21 Series စမတ်ဖုန်းတွေကို လာမယ့်ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်မယ်လို့ သိရတဲ့အတွက် Xiaomi Mi 11 ကိုလည်း အလားတူအချိန်အတွင်းမှာပဲ တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Snapdragon 875 Chipset ဟာ 1+3+4 Arrangement ကိုအသုံးပြုထားတဲ့ 8-Core Processor ဖြစ်ပြီး 5nm Architecture ကို အခြေခံထားတဲ့အပြင် Snapdragon X60 5G Modem ပါ ပါဝင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ Xiaomi Mi 11 နဲ့ ပတ်သက်တဲ့သတင်းတွေကို ထပ်မံမြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China