Xiaomi Mi 7 စမတ်ဖုန်းကို လာမယ့် မေလ ၂၃ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီးတော့ အခုအချိန်မှာတော့ နောက်ဆုံး Xiaomi Mi 7 ဒီဇိုင်းလို့ ယူဆလို့ရတဲ့ Hands-on ဓါတ်ပုံတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အခုထွက်လာတဲ့ ဓါတ်ပုံတွေအရတော့ Xiaomi Mi 7 ဟာ iPhone X လိုမျိုး Notch ပါဝင်လာတာသေချာသွားပြီးဖြစ်ပြီးတော့ ဖုန်းရဲ့ အနောက်ဖက်မှာလည်း Fingerprint Sensor ကို တွေ့ခဲ့ရပါတယ်။ Mi 7 ရဲ့ Notch ကလည်း ပုံမှန် Selfie Camera ပဲပါဝင်တဲ့ ဖုန်းတွေထက် ပိုပြီး ကြီးမားတဲ့အတွက် Face ID စနစ်တွေပါ ပါဝင်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။

Xiaomi Mi 7 ဖုန်းက Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ 128GB Storage ပါဝင်လာမှာဖြစ်ပြီးတော့ ပိုပြီးအဆင့်မြင့်တဲ့ RAM 8GB နဲ့ Storage 256GB ပါဝင်တဲ့ Version ပါ ရရှိလာမယ်လို့ သိရပါတယ်။

Xiaomi Mi Series စမတ်ဖုန်းတွေက Xiaomi ရဲ့ အကောင်းဆုံး ဖုန်း Series တစ်ခုဖြစ်တာနဲ့အတူ အခု Xiaomi Mi 7 ကလည်း အောင်မြင်ဦးမယ်လို့ ယူဆရပါတယ်။