[Unicode]

Xiaomi ဟာ MIUI 11 update ကို သူ့ရဲ့ စမတ်ဖုန်းအတော်များများအတွက် ဆက်တိုက်ဆိုသလို ထုတ်ပေးနေပါတယ်။ အထူးသဖြင့် Mi Mix 3, Mi 8, Mi 9 တို့လို Flagship တွေအပြင် Mi 9 SE, Redmi Note 8 Pro, Note 7, Note 6 Pro, Note 5 တို့လို အမျိုးအစားတွေပါ MIUI 11 update တွေ ရကြပြီဖြစ်ပါတယ်။

Budget အမျိုးအစားထဲမှာပါဝင်တဲ့ Redmi 4, Redmi 5, 6/6A အပါအဝင် အခြားမော်ဒယ်တွေလည်း OTA update တွေ ရရှိနေပြီးဖြစ်ပါတယ်။ MIUI 11 ဟာ System-wide Dark mode အပါအဝင် အခြားစိတ်ဝင်စားစရာကောင်းတဲ့ Feature တွေ ပါဝင်နေပါတယ်။ ဒါပေမယ့် Update အများစုကတော့ Android 9 ပေါ်မှာပဲ အခြေခံထားတာဖြစ်ပါတယ်။

ဒါပေမယ့် အံ့အားသင့်စရာကိစ္စတစ်ခုကို Xiaomi က ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ Mi 8 Lite ကို ပေးတဲ့ MIUI 11 beta update ဟာ Android 10 ကို အခြေခံထားတာပါပဲ။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာက မိတ်ဆက်ထားတဲ့ Mi 8 Lite ဟာ စထွက်တုန်းက Android 8.1 Oreo-based MIUI 10 မောင်းနှင်ထားတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကတော့ Android 9 ကို အခြေခံထားတဲ့ MIUI 10.2 ရခဲ့ပါသေးတယ်။

Xiaomi ဟာ Mi 8 Lite လိုဟန်းဆက်မျိုးအတွက် Android 10 အခြေခံ Update တွေပေးတာကိုကြည့်ခြင်းအားဖြင့် ကုမ္ပဏီဟာ MIUI 11 ကို အခြားမော်ဒယ်နိမ့်ဟန်းဆက်တွေဆီ မကြာခင်ပေးသွားတော့မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ Update ဖိုင်ဟာ Chinese Beta build အဖြစ်ပဲ တွေ့ရသေးတာဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

Mi 8 Lite ကို Android 10 အေျခခံ MIUI 11 beta ထုတ္ေပးလိုက္တဲ့ Xiaomi

Xiaomi ဟာ MIUI 11 update ကို သူ႔ရဲ႕ စမတ္ဖုန္းအေတာ္မ်ားမ်ားအတြက္ ဆက္တိုက္ဆိုသလို ထုတ္ေပးေနပါတယ္။ အထူးသျဖင့္ Mi Mix 3, Mi 8, Mi 9 တို႔လို Flagship ေတြအျပင္ Mi 9 SE, Redmi Note 8 Pro, Note 7, Note 6 Pro, Note 5 တို႔လို အမ်ိဳးအစားေတြပါ MIUI 11 update ေတြ ရၾကၿပီျဖစ္ပါတယ္။

Budget အမ်ိဳးအစားထဲမွာပါဝင္တဲ့ Redmi 4, Redmi 5, 6/6A အပါအဝင္ အျခားေမာ္ဒယ္ေတြလည္း OTA update ေတြ ရရွိေနၿပီးျဖစ္ပါတယ္။ MIUI 11 ဟာ System-wide Dark mode အပါအဝင္ အျခားစိတ္ဝင္စားစရာေကာင္းတဲ့ Feature ေတြ ပါဝင္ေနပါတယ္။ ဒါေပမယ့္ Update အမ်ားစုကေတာ့ Android 9 ေပၚမွာပဲ အေျခခံထားတာျဖစ္ပါတယ္။

ဒါေပမယ့္ အံ့အားသင့္စရာကိစၥတစ္ခုကို Xiaomi က ျပဳလုပ္လိုက္ပါတယ္။ အဲဒါကေတာ့ Mi 8 Lite ကို ေပးတဲ့ MIUI 11 beta update ဟာ Android 10 ကို အေျခခံထားတာပါပဲ။ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာက မိတ္ဆက္ထားတဲ့ Mi 8 Lite ဟာ စထြက္တုန္းက Android 8.1 Oreo-based MIUI 10 ေမာင္းႏွင္ထားတာပါ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီတုန္းကေတာ့ Android 9 ကို အေျခခံထားတဲ့ MIUI 10.2 ရခဲ့ပါေသးတယ္။

Xiaomi ဟာ Mi 8 Lite လိုဟန္းဆက္မ်ိဳးအတြက္ Android 10 အေျခခံ Update ေတြေပးတာကိုၾကည့္ျခင္းအားျဖင့္ ကုမၸဏီဟာ MIUI 11 ကို အျခားေမာ္ဒယ္နိမ့္ဟန္းဆက္ေတြဆီ မၾကာခင္ေပးသြားေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီ Update ဖိုင္ဟာ Chinese Beta build အျဖစ္ပဲ ေတြ႕ရေသးတာျဖစ္ပါတယ္။

Ref: Gizmochina