[Zawgyi]

Xiaomi ရဲ႕ Mi Mix 3 မွာ Night Scene camera mode ရခဲ့တာဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလဆန္းကတည္းက ျဖစ္ပါတယ္။ အဲဒီတုန္းကတည္းက Mi ရဲ႕ ေနာက္ထပ္ Flagship ႏွစ္ခုျဖစ္တဲ့ Mi Mix 2S နဲ႔ Mi 8 ေတြမွာလည္း Night Scene camera mode ကို သုံးလို႔ရလာမယ္လို႔ ေျပာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Xiaomi ရဲ႕ အင္ဂ်င္နီယာအဖြဲ႕ဟာ Mi 8 Lite မွာ Night Scene camera mode သုံးႏိုင္ဖို႔ အလုပ္ခ်ိန္ေတြ ပိုလုပ္ၿပီးေတာ့ေတာင္ ႀကိဳးစားေနပါတယ္လို႔ Xiaomi ရဲ႕ VP ျဖစ္သူ Chung Wang က ဆိုပါတယ္။ Chung Wang ဟာ သူ႔ကိုယ္တိုင္ Mi Mix 3 နဲ႔ Night Scene camera mode အသုံးျပဳေနတဲ့ပုံကို ႐ိုက္ကူးၿပီး Mi 8 Lite မွာလည္း မၾကာခင္အခ်ိန္အတြင္း ရရွိေတာ့မယ္လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။

Redmi Note 7 ဟာ 14 nm chipset နဲ႔ Midrange ျဖစ္ေပမယ့္လည္း အလင္းေရာင္နည္းတဲ့အေျခအေနမွာေတာင္ ထူးကဲေကာင္းမြန္တဲ့ ႐ုပ္ပုံေတြဖမ္းယူ႐ိုက္ကူးႏိုင္ေၾကာင္းကို သက္ေသျပၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi ရဲ႕ ဖုန္းေတြမွာ ပိုၿပီးေကာင္းမြန္တဲ့ ႐ိုက္ကူးမႈေတြျပဳလုပ္လာႏိုင္မယ္ဆိုတာ သံသယျဖစ္စရာမလိုဘူးလို႔ ဆိုရမွာပါ။

လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူးပြဲေတာ္က်င္းပေနၿပီး Xiaomi ဟာ သူတို႔ရဲ႕ Mi 8 ဖုန္းေတြကို ေလွ်ာ့ေဈးအစီအစဥ္နဲ႔ ေရာင္းခ်ေနပါတယ္။ ဒီပြဲေတာ္ၿပီးသြားရင္ေတာ့ Mi 8 Lite ေတြမွာ Night Scene camera mode ရရွိဖို႔ ပိုၿပီးနီးကပ္လာမယ္လို႔ ယူဆပါတယ္။

Ref: GSMArena

[Unicode]

Xiaomi Mi 8 Lite တွေမှာလည်း Night Scene Camera Mode ရတော့မယ်

Xiaomi ရဲ့ Mi Mix 3 မှာ Night Scene camera mode ရခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက ဖြစ်ပါတယ်။ အဲဒီတုန်းကတည်းက Mi ရဲ့ နောက်ထပ် Flagship နှစ်ခုဖြစ်တဲ့ Mi Mix 2S နဲ့ Mi 8 တွေမှာလည်း Night Scene camera mode ကို သုံးလို့ရလာမယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Xiaomi ရဲ့ အင်ဂျင်နီယာအဖွဲ့ဟာ Mi 8 မှာ Night Scene camera mode သုံးနိုင်ဖို့ အလုပ်ချိန်တွေ ပိုလုပ်ပြီးတော့တောင် ကြိုးစားနေပါတယ်လို့ Xiaomi ရဲ့ VP ဖြစ်သူ Chung Wang က ဆိုပါတယ်။ Chung Wang ဟာ သူ့ကိုယ်တိုင် Mi Mix 3 နဲ့ Night Scene camera mode အသုံးပြုနေတဲ့ပုံကို ရိုက်ကူးပြီး Mi 8 မှာလည်း မကြာခင်အချိန်အတွင်း ရရှိတော့မယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Redmi Note 7 ဟာ 14 nm chipset နဲ့ Midrange ဖြစ်ပေမယ့်လည်း အလင်းရောင်နည်းတဲ့အခြေအနေမှာတောင် ထူးကဲကောင်းမွန်တဲ့ ရုပ်ပုံတွေဖမ်းယူရိုက်ကူးနိုင်ကြောင်းကို သက်သေပြပြီး ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi ရဲ့ ဖုန်းတွေမှာ ပိုပြီးကောင်းမွန်တဲ့ ရိုက်ကူးမှုတွေပြုလုပ်လာနိုင်မယ်ဆိုတာ သံသယဖြစ်စရာမလိုဘူးလို့ ဆိုရမှာပါ။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေပြီး Xiaomi ဟာ သူတို့ရဲ့ Mi 8 ဖုန်းတွေကို လျှော့ဈေးအစီအစဉ်နဲ့ ရောင်းချနေပါတယ်။ ဒီပွဲတော်ပြီးသွားရင်တော့ Mi 8 Lite တွေမှာ Night Scene camera mode ရရှိဖို့ ပိုပြီးနီးကပ်လာမယ်လို့ ယူဆပါတယ်။

Ref: GSMArena