Zawgyi

Xiaomi အေနနဲ႔ Mi 8 Explorer Edition ကို ၂၀၁၈ခုႏွစ္ ေမလတုန္းက တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Mi 8 Explorer ရဲ႕ ေစ်းႏႈန္းနဲ႔ ဆန္းသစ္တဲ့ ဒီဇိုင္းေတြေၾကာင့္ လူအမ်ား စိတ္ဝင္စားေနၾကေသာ္လည္း ယခုအခ်ိန္ထိ ကမာၻအႏွံ႔အျပားကို ထုတ္လုပ္ေရာင္းခ်ျခင္း မရွိေသးပါဘူး။

ဒီေန႔မွာေတာ့ ေမာ္ဒယ္နံပါတ္ M1807EA အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ စကၤာပူႏိုင္ငံ အေျခစိုက္ Infocomm Media Development Authority (IMDA) ကေန တစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဆိုပါ ေမာ္ဒယ္နံပါတ္ ဟာ Mi 8 Explorer ျဖစ္ႏိုင္ဖြယ္ ရွိၿပီး ကမာၻအႏွံ႔အျပားကိုလည္း မၾကာခင္ ျဖန္႔ခ်ီသြားႏိုင္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

Mi 8 Explorer ကို ကမာၻအႏွံ႔အျပားကို ေရာင္းခ်တဲ့အခါမွာ Mi 8 Pro အျဖစ္ ကင္ပြန္းတပ္ထားႏိုင္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက TENAA ကေနတစ္ဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရဆိုရင္ Mi 8 Pro ရဲ႕ Notch ဟာ Mi 8 Explorer ထက္ ပိုေသးသြားတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ Mi 8 Pro မွာ In-display Fingerprint Sensor သာ ပါဝင္ႏိုင္ၿပီး 3D Facial Recognition ကိုေတာ့ အသုံးျပဳႏိုင္မွာ မဟုတ္ဘူးလို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

 

Ref: gsmarena

Unicode

Xiaomi Mi 8 Explorer Edition ကို မကြာခင် ကမ္ဘာအနှံ့အပြားမှာ ဖြန့်ချီသွားနိုင်ဖွယ်ရှိ

Xiaomi အနေနဲ့ Mi 8 Explorer Edition ကို ၂၀၁၈ခုနှစ် မေလတုန်းက တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Mi 8 Explorer ရဲ့ စျေးနှုန်းနဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့် လူအများ စိတ်ဝင်စားနေကြသော်လည်း ယခုအချိန်ထိ ကမ္ဘာအနှံ့အပြားကို ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။

ဒီနေ့မှာတော့ မော်ဒယ်နံပါတ် M1807EA အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ စင်္ကာပူနိုင်ငံ အခြေစိုက် Infocomm Media Development Authority (IMDA) ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်နံပါတ် ဟာ Mi 8 Explorer ဖြစ်နိုင်ဖွယ် ရှိပြီး ကမ္ဘာအနှံ့အပြားကိုလည်း မကြာခင် ဖြန့်ချီသွားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Mi 8 Explorer ကို ကမ္ဘာအနှံ့အပြားကို ရောင်းချတဲ့အခါမှာ Mi 8 Pro အဖြစ် ကင်ပွန်းတပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက TENAA ကနေတစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် Mi 8 Pro ရဲ့ Notch ဟာ Mi 8 Explorer ထက် ပိုသေးသွားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Mi 8 Pro မှာ In-display Fingerprint Sensor သာ ပါဝင်နိုင်ပြီး 3D Facial Recognition ကိုေတာ့ အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: gsmarena