[Zawgyi]

Mi Mix 3 ဟာ Xiaomi ရဲ႕ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Mi Mix 4 ကလည္း 5G အမ်ိဳးအစားစမတ္ဖုန္းအျဖစ္ ထြက္ေပၚလာမယ္လို႔ သတင္းထြက္ခဲ့ၿပီးပါၿပီ။ တ႐ုတ္ႏိုင္ငံရဲ႕ စက္မႈလက္မႈနဲ႔ သတင္းအခ်က္အလက္ နည္းပညာဌာန (MIIT) မွာ အသိအမွတ္ျပဳမႈလည္း ရရွိထားၿပီလို႔ သိရပါတယ္။

အဲဒီတုန္းကေတြ႕ရွိခဲ့ရတဲ့ M1908F1XE ဆိုတဲ့ ေမာ္ဒယ္နံပါတ္ဟာ Mi Mix 4 လို႔လည္း ဆိုခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းမွာေတာ့ အဆိုပါ ေမာ္ဒယ္နံပါတ္ဟာ Xiaomi Mi 9 သာ ျဖစ္မယ္လို႔ အခိုင္အမာ ေျပာဆိုထားတာ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ တြစ္တာမွာ @xiaomishka က ေဖာ္ျပခဲ့တာပါ။

Xiaomishka ဟာ Xiaomi သတင္းေတြနဲ႔ပတ္သက္ရင္ ယုံၾကည္စိတ္ခ်ရတဲ့ နာမည္ႀကီး Tipster ျဖစ္တာေၾကာင့္ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား မွန္ကန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီ Device ဟာ Mi 9 ကို ျပဳျပင္မြမ္းမံထားတဲ့ အမ်ိဳးအစားလည္းျဖစ္ၿပီး အဓိကအဆင့္ျမႇင့္တင္မႈအခ်ိဳ႕နဲ႔အတူ 5G ကြန္ရက္ခ်ိတ္ဆက္ႏိုင္မႈလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

Mi 9 5G စမတ္ဖုန္းဟာ ႀကီးမားတဲ့မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 2K resolution နဲ႔လည္း ျဖစ္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ QHD ကိုရည္ၫႊန္းတာလို႔လည္း ယူဆရပါတယ္။ ကင္မရာပိုင္းကေတာ့ အဓိကကင္မရာအတြက္ OIS ပါဝင္လာၿပီး ဘက္ထရီပမာဏကေတာ့ ခပ္ႀကီးႀကီးျဖစ္လာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ 45W အျမန္အားသြင္းစနစ္လည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။ အျခားအေရးပါတဲ့အခ်က္အတစ္ခုကေတာ့ Qualcomm Snapdragon 855+ Chipset ကို အသုံးျပဳထားမယ္ဆိုတာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

QHD Display, 5G ကွန်ရက်တွေနဲ့ တကြော့ပြန် ပွဲထွက်လာနိုင်တဲ့ Xiaomi Mi 9

Mi Mix 3 ဟာ Xiaomi ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Mi Mix 4 ကလည်း 5G အမျိုးအစားစမတ်ဖုန်းအဖြစ် ထွက်ပေါ်လာမယ်လို့ သတင်းထွက်ခဲ့ပြီးပါပြီ။ တရုတ်နိုင်ငံရဲ့ စက်မှုလက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဌာန (MIIT) မှာ အသိအမှတ်ပြုမှုလည်း ရရှိထားပြီလို့ သိရပါတယ်။

အဲဒီတုန်းကတွေ့ရှိခဲ့ရတဲ့ M1908F1XE ဆိုတဲ့ မော်ဒယ်နံပါတ်ဟာ Mi Mix 4 လို့လည်း ဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာတော့ အဆိုပါ မော်ဒယ်နံပါတ်ဟာ Xiaomi Mi 9 သာ ဖြစ်မယ်လို့ အခိုင်အမာ ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ တွစ်တာမှာ @xiaomishka က ဖော်ပြခဲ့တာပါ။

Xiaomishka ဟာ Xiaomi သတင်းတွေနဲ့ပတ်သက်ရင် ယုံကြည်စိတ်ချရတဲ့ နာမည်ကြီး Tipster ဖြစ်တာကြောင့် ရာခိုင်နှုန်းအတော်များများ မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ ဒီ Device ဟာ Mi 9 ကို ပြုပြင်မွမ်းမံထားတဲ့ အမျိုးအစားလည်းဖြစ်ပြီး အဓိကအဆင့်မြှင့်တင်မှုအချို့နဲ့အတူ 5G ကွန်ရက်ချိတ်ဆက်နိုင်မှုလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Mi 9 5G စမတ်ဖုန်းဟာ ကြီးမားတဲ့မျက်နှာပြင်နဲ့ဖြစ်ပြီး 2K resolution နဲ့လည်း ဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့် QHD ကိုရည်ညွှန်းတာလို့လည်း ယူဆရပါတယ်။ ကင်မရာပိုင်းကတော့ အဓိကကင်မရာအတွက် OIS ပါဝင်လာပြီး ဘက်ထရီပမာဏကတော့ ခပ်ကြီးကြီးဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 45W အမြန်အားသွင်းစနစ်လလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ အခြားအရေးပါတဲ့အချက်အတစ်ခုကတော့ Qualcomm Snapdragon 855+ Chipset ကို အသုံးပြုထားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena