[Zawgyi]

မၾကာခင္ထြက္ရွိလာမယ့္ Xiaomi ရဲ႕ Mi 9 ဟာ အေနာက္ကင္မရာ သုံးလုံးနဲ႔လို႔ သတင္းေတြေဖာ္ျပခဲ့ၿပီးပါၿပီ။ ၂၀၁၉ မွာ Xiaomi အေနနဲ႔ သူတို႔ရဲ႕ Flagship ေတြကို ပိုၿပီးေတာ့ ေစာေစာမိတ္ဆက္မယ္ဆိုတဲ့ သတင္းရဲ႕ေနာက္မွာ Mi 9 နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြက ပိုၿပီးေတာ့လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့ရတာပါ။

တ႐ုတ္ကေနေပါက္ၾကားထြက္ေပၚလာတဲ့ သတင္းတစ္ခုမွာေတာ့ Mi 9 ရဲ႕ Specs ေတြအေၾကာင္းကို အေတာ္ေလး စုံစုံလင္လင္ သိလာရပါၿပီ။ လူေျပာမ်ားေနတဲ့ ေက်ာဘက္ကင္မရာသုံးလုံးဆိုတာကလည္း အဟုတ္ပါပဲ။ ဒါေပမယ့္ ေမွ်ာ္လင့္ထားတာေတြအားလုံးနဲ႔ေတာ့ တစ္ထပ္တည္း က်ခ်င္မွက်ပါလိမ့္မယ္။ အဓိကကင္မရာအတြက္ Sony ရဲ႕ IMX586 sensor အသုံးျပဳထားတဲ့ 48MP ကင္မရာ၊ ဒုတိယကင္မရာကေတာ့ 12MP ျဖစ္ၿပီး 3D TOF ကင္မရာနဲ႔ တြဲစပ္ထားတယ္လို႔ သိရပါတယ္။

Mi 9 ရဲ႕ မ်က္ႏွာျပင္ဟာ 6.4-inch 19:9 FHD+ AMOLED display ျဖစ္ၿပီး Water drop notch နဲ႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ Notch ထဲမွာေတာ့ Sony IMX576 sensor နဲ႔ 24MP Selfie ကင္မရာကို တပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ အေရွ႕ပိုင္းက OnePlus 6T နဲ႔ အေတာ္ေလးကို တူတယ္လို႔ ေျပာရမွာျဖစ္ၿပီး တစ္ျခားတစ္ဘက္ျဖစ္တဲ့ ေနာက္ေက်ာဘက္ ဒီဇိုင္းကေတာ့ Huawei P20 Pro နဲ႔ ဆင္တယ္လို႔ GSMarena က ေရးသားေဖာ္ျပထားပါတယ္။

Mi 9 ရဲ႕ ေက်ာဘက္ကင္မရာတည္ေဆာက္ပုံကလည္း သုံးလုံးစလုံးကို ေက်ာျပင္ရဲ႕ ဘယ္ဘက္အထက္ကေန ေအာက္ တန္းလ်က္ထားရွိထားတယ္လို႔ သိရပါတယ္။ ကင္မရာႏွစ္လုံးကို တစ္တြဲအျဖစ္ တြဲလ်က္ထားရွိၿပီး သူ႔ေအာက္မွာမွ ေနာက္ထပ္ ကင္မရာတစ္လုံးကို သီးသန႔္ထားရွိတာပါ။ တတိယကင္မရာရဲ႕ ေအာက္မွာမွ LED flash ရွိမယ္လို႔ ဆိုပါတယ္။ Mi 8 လည္း ဒီလိုပုံပဲဆိုေပမယ့္ Mi 8 က ကင္မရာႏွစ္လုံးပဲ တပ္ဆင္ထားတာပါ။

Mi 9 မွာ အသုံးျပဳထားတာက X24 LTE modem နဲ႔ Snapdragon 855 SoC လို႔ဆိုပါတယ္။ သိပ္ေတာ့ အံ့ဩစရာမရွိေလာက္ဘူး ထင္ပါတယ္။ RAM နဲ႔ Storage အတြဲက 6 + 128GB ကေန စမယ္လို႔ သိရပါတယ္။ တန္ဖိုးအေနနဲ႔ $436 ေလာက္ကေန စႏိုင္ဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။ Fingerprint Sensor ကေတာ့ Under-display အမ်ိဳးအစား ျဖစ္ႏိုင္ပါတယ္။ OS ကေတာ့ MIUI 10 နဲ႔ Android 9 Pie ျဖစ္ႏိုင္ပါတယ္။

Mi 9 ကို 3,500 mAh ဘက္ထရီတပ္ဆင္ထားၿပီး 32W fast charging စနစ္ပါဝင္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Wireless charging စနစ္ေတာ့ ပါဝင္လာမွာမဟုတ္ပါဘူး။ ဖုန္းရဲ႕ ကိုယ္ထည္အတိုင္းအတာကေတာ့ 155 x 75 x 7.6 mm ျဖစ္ပါတယ္။ လာမယ့္ေဖေဖာ္ဝါရီေႏွာင္းပိုင္း MWC မွာေၾကညာသြားဖြယ္ရွိၿပီး မတ္လမွာေတာ့ ေဈးကြက္ထဲေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လက္ရွိေပါက္ၾကားမႈဟာ တရားဝင္အတည္ျပဳထားတဲ့ အခ်က္အလက္ေတြမဟုတ္တာေၾကာင့္ အမွန္တကယ္ထြက္ေပၚလာခ်ိန္မွာ အေျပာင္းအလဲေတာ့ ရွိလာႏိုင္တာလည္း ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

48MP အဓိကကင်မရာ အပါအဝင် Xiaomi Mi 9 ရဲ့အချက်အလက်အချို့ ပေါက်ကြားလာ

မကြာခင်ထွက်ရှိလာမယ့် Xiaomi ရဲ့ Mi 9 ဟာ အနောက်ကင်မရာ သုံးလုံးနဲ့လို့ သတင်းတွေဖော်ပြခဲ့ပြီးပါပြီ။ ၂၀၁၉ မှာ Xiaomi အနေနဲ့ သူတို့ရဲ့ Flagship တွေကို ပိုပြီးတော့ စောစောမိတ်ဆက်မယ်ဆိုတဲ့ သတင်းရဲ့နောက်မှာ Mi 9 နဲ့ ပတ်သက်တဲ့ အကြောင်းတွေက ပိုပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ရတာပါ။

တရုတ်ကနေပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတစ်ခုမှာတော့ Mi 9 ရဲ့ Specs တွေအကြောင်းကို အတော်လေး စုံစုံလင်လင် သိလာရပါပြီ။ လူပြောများနေတဲ့ ကျောဘက်ကင်မရာသုံးလုံးဆိုတာကလည်း အဟုတ်ပါပဲ။ ဒါပေမယ့် မျှော်လင့်ထားတာတွေအားလုံးနဲ့တော့ တစ်ထပ်တည်း ကျချင်မှကျပါလိမ့်မယ်။ အဓိကကင်မရာအတွက် Sony ရဲ့ IMX586 sensor အသုံးပြုထားတဲ့ 48MP ကင်မရာ၊ ဒုတိယကင်မရာကတော့ 12MP ဖြစ်ပြီး 3D TOF ကင်မရာနဲ့ တွဲစပ်ထားတယ်လို့ သိရပါတယ်။

Mi 9 ရဲ့ မျက်နှာပြင်ဟာ 6.4-inch 19:9 FHD+ AMOLED display ဖြစ်ပြီး Water drop notch နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ Notch ထဲမှာတော့ Sony IMX576 sensor နဲ့ 24MP Selfie ကင်မရာကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ အရှေ့ပိုင်းက OnePlus 6T နဲ့ အတော်လေးကို တူတယ်လို့ ပြောရမှာဖြစ်ပြီး တစ်ခြားတစ်ဘက်ဖြစ်တဲ့ နောက်ကျောဘက် ဒီဇိုင်းကတော့ Huawei P20 Pro နဲ့ ဆင်တယ်လို့ GSMarena က ရေးသားဖော်ပြထားပါတယ်။

Mi 9 ရဲ့ ကျောဘက်ကင်မရာတည်ဆောက်ပုံကလည်း သုံးလုံးစလုံးကို ကျောပြင်ရဲ့ ဘယ်ဘက်အထက်ကနေ အောက် တန်းလျက်ထားရှိထားတယ်လို့ သိရပါတယ်။ ကင်မရာနှစ်လုံးကို တစ်တွဲအဖြစ် တွဲလျက်ထားရှိပြီး သူ့အောက်မှာမှ နောက်ထပ် ကင်မရာတစ်လုံးကို သီးသန့်ထားရှိတာပါ။ တတိယကင်မရာရဲ့ အောက်မှာမှ LED flash ရှိမယ်လို့ ဆိုပါတယ်။ Mi 8 လည်း ဒီလိုပုံပဲဆိုပေမယ့် Mi 8 က ကင်မရာနှစ်လုံးပဲ တပ်ဆင်ထားတာပါ။

Mi 9 မှာ အသုံးပြုထားတာက X24 LTE modem နဲ့ Snapdragon 855 SoC လို့ဆိုပါတယ်။ သိပ်တော့ အံ့ဩစရာမရှိလောက်ဘူး ထင်ပါတယ်။ RAM နဲ့ Storage အတွဲက 6 + 128GB ကနေ စမယ်လို့ သိရပါတယ်။ တန်ဖိုးအနေနဲ့ $436 လောက်ကနေ စနိုင်ဖွယ်ရှိတယ်လို့ ဆိုရမှာပါ။ Fingerprint Sensor ကတော့ Under-display အမျိုးအစား ဖြစ်နိုင်ပါတယ်။ OS ကတော့ MIUI 10 နဲ့ Android 9 Pie ဖြစ်နိုင်ပါတယ်။

Mi 9 ကို 3,500 mAh ဘက်ထရီတပ်ဆင်ထားပြီး 32W fast charging စနစ်ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Wireless charging စနစ်တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ ဖုန်းရဲ့ ကိုယ်ထည်အတိုင်းအတာကတော့ 155 x 75 x 7.6 mm ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီနှောင်းပိုင်း MWC မှာကြေညာသွားဖွယ်ရှိပြီး မတ်လမှာတော့ ဈေးကွက်ထဲရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိပေါက်ကြားမှုဟာ တရားဝင်အတည်ပြုထားတဲ့ အချက်အလက်တွေမဟုတ်တာကြောင့် အမှန်တကယ်ထွက်ပေါ်လာချိန်မှာ အပြောင်းအလဲတော့ ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

Ref: GSMarena