[Zawgyi]

Xiaomi Mi 9 Series ထဲက ဆဌမေျမာက္ ေမာ္ဒယ္ကို စပိန္မွာ ေၾကညာလိုက္ပါတယ္။ Xiaomi Mi 9 Lite ျဖစ္ၿပီး Mi CC9 ကို နာမည္ေျပာင္း ေရာင္းခ်တာ ျဖစ္ပါတယ္။ Xiaomi Mi 9 Lite မွာ ၆.၃၉ လက္မ Super AMOLED Display ထည့္သြင္းထားပါတယ္။ Qualcomm ရဲ႕ စြမ္းေဆာင္ရည္သင့္ Snapdragon 710 Chipset ေမာင္းႏွင္ထားပါတယ္။

အရြယ္ေသး Notch မွာ 32MP Selfie Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ပါၿပီး 48MP Main Camera, 8MP Ultrawide Lens နဲ႔ 2MP Depth Sensor ေတြ ထည့္သြင္းထားပါတယ္။ ဒီဇိုင္းကလည္း Mi CC9 နဲ႔တူညီၿပီး အေရွ႕နဲ႔ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္ဟာ အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ပါတယ္။ Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားပါတယ္။

Xiaomi Mi 9 Lite အတြက္ 4GB/6GB RAM နဲ႔ 64GB/128GB Storage ေတြ ထုတ္လုပ္ေပးထားပါတယ္။ microSD Card စိုက္ႏုိင္ၿပီး အျဖဴ၊ အျပာနဲ႔ အနက္ေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ မွာယူႏုိင္မွာ ျဖစ္ပါတယ္။ 4/64GB Model ကို ၃၁၉ ယူရိုနဲ႔ 6/128GB Model ကို ၃၄၉ ယူရို သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၃၀,၀၀၀ နဲ႔ ၅၈၀,၀၀၀ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း GeekBuying က Mi 9 Lite ကို ႀကိဳတင္မွာယူခြင့္ျပဳလုိက္ပါတယ္။ 6/128GB Model  ကို ၄၃၇.၉၉ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၆၇၀,၀၀၀ ေလာက္ ရွိပါတယ္။ ႀကိဳတင္မွာယူသူေတြက ၃၃၉.၉၉ ေဒၚလာနဲ႔ ရရွိမွာပါ။

Ref : gsmarena

[Unicode]

၅ သိန်းစွန်းစွန်းရှိတဲ့ Xiaomi Mi 9 Lite ကို ကြေညာလိုက်ပြီ

Xiaomi Mi 9 Series ထဲက ဆဌမမြောက် မော်ဒယ်ကို စပိန်မှာ ကြေညာလိုက်ပါတယ်။ Xiaomi Mi 9 Lite ဖြစ်ပြီး Mi CC9 ကို နာမည်ပြောင်း ရောင်းချတာ ဖြစ်ပါတယ်။ Xiaomi Mi 9 Lite မှာ ၆.၃၉ လက်မ Super AMOLED Display ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။

အရွယ်သေး Notch မှာ 32MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါပြီး 48MP Main Camera, 8MP Ultrawide Lens နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားပါတယ်။ ဒီဇိုင်းကလည်း Mi CC9 နဲ့တူညီပြီး အရှေ့နဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားပါတယ်။

Xiaomi Mi 9 Lite အတွက် 4GB/6GB RAM နဲ့ 64GB/128GB Storage တွေ ထုတ်လုပ်ပေးထားပါတယ်။ microSD Card စိုက်နိုင်ပြီး အဖြူ၊ အပြာနဲ့ အနက်ရောင်တွေ ရွေးချယ်နိုင်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ မှာယူနိုင်မှာ ဖြစ်ပါတယ်။ 4/64GB Model ကို ၃၁၉ ယူရိုနဲ့ 6/128GB Model ကို ၃၄၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၃၀,၀၀၀ နဲ့ ၅၈၀,၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း GeekBuying က Mi 9 Lite ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ 6/128GB Model ကို ၄၃၇.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၆၇၀,၀၀၀ လောက် ရှိပါတယ်။ ကြိုတင်မှာယူသူတွေက ၃၃၉.၉၉ ဒေါ်လာနဲ့ ရရှိမှာပါ။

Ref : gsmarena