Zawgyi

Xiaomi ဟာ လာမယ့္စက္တင္ဘာလ ၂၄ ရက္ေန႔မွာေတာ့ သူတုိ႔ရဲ႕ ေျခလွမ္းအသစ္အျဖစ္ Mi 9 Pro 5G စမတ္ဖုန္းကို တရုတ္ႏုိင္ငံအတြင္းမွာ မိတ္ဆက္သြားေတာ့မွာပါ။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီမွာက်င္းပခဲ့တဲ့ MWC ပြဲေတာ္မွာ ဒီဖုန္းကို Mi 9 စမတ္ဖုန္းရဲ႕ တုိးတက္ေျပာင္းလဲမႈအျဖစ္ ျပသခဲ့ၿပီး သူ႕နာမည္အတုိင္းပဲ 5G ခ်ိတ္ဆက္မႈ ပါဝင္တဲ့ စမတ္ဖုန္းမ်ဳိးဆက္သစ္ ျဖစ္ပါတယ္။

အတြင္းပိုင္းမွာေတာ့ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္ကို အသုံးျပဳလာတဲ့အျပင္ ထူးျခားစြာ အလြန္လွ်င္ျမန္တဲ့ အားသြင္းစနစ္မ်ဳိးစုံကိုလည္းထည့္သြင္းလာပါတယ္။ ပုံမွန္ႀကိဳးနဲ႔အားသြင္းရင္ 40W အထိ ျမန္ႏႈန္းရႏုိင္မွာျဖစ္ကာ ႀကိဳးမဲ့ဆုိရင္ေတာင္ 30W Fast Charging စနစ္နဲ႔ျဖစ္တာေၾကာင့္ လက္ရွိ Wireless Charging စနစ္ေတြထဲမွာ ကမာၻ႕အျမန္ဆုံးျဖစ္ပါတယ္။ Reverse Wireless စနစ္နဲ႔ဆုိရင္ 10W ထုတ္လုပ္ေပးႏုိင္ပါတယ္။

အထက္ပါ အားသြင္းနည္းပညာအသစ္ေတြဟာ အခုခ်ိန္မွာ တရားဝင္မိတ္ဆက္ခဲ့ၿပီးသားျဖစ္ကာ Xiaomi က Mi 9 Pro 5G ဟန္းဆက္မွာ ပါဝင္မယ္လို႔လည္း အတည္ျပဳခဲ့ၿပီးပါၿပီ။ ကုမၸဏီဟာ ယေန႔မွာေတာ့ အားသြင္းစနစ္ကို အတည္ျပဳတဲ့အျပင္ မူလ Mi 9 မွာမပါဝင္ခဲ့တဲ့ လွပတဲ့ အျဖဴေရာင္ကာလာကိုလည္း ထုတ္ျပခဲ့ပါေသးတယ္။

တရုတ္ႏုိင္ငံရဲ႕အႀကီးဆုံးအြန္လိုင္းအေရာင္းကုိယ္စားလွယ္တစ္ဦးျဖစ္တဲ့ JD.com ကေတာ့ Mi 9 Pro 5G အတြက္ ႀကိဳတင္အမွာစာေတြကို လက္ခံႏွင့္ေနၿပီျဖစ္ၿပီး သတင္းေတြအရ Mi 9 Pro 5G ဖုန္းမွာ မူလ Mi 9 နဲ႔ အရြယ္တူညီတဲ့ Display ကုိပဲျပန္သုံးလာမွာျဖစ္ကာ 48MP အဓိကကင္မရာဦးေဆာင္တဲ့ Triple-camera လည္း ပါဝင္မယ္လို႔ ဆုိပါတယ္။

4,000mAh ဘကၳရီႀကီးဟာ ႀကိဳးမဲ့ 30W အားသြင္းစနစ္နဲ႔ဆုိရင္ ၆၉ မိနစ္အတြင္း အားအျပည့္ဝင္မွာျဖစ္ၿပီး ၀% ကေန တစ္ဝက္အထိဆုိရင္ေတာ့ ၂၅ မိနစ္သာ ၾကာျမင့္မယ္လို႔ ဆုိပါတယ္။ ႀကိဳးနဲ႔ဆုိရင္ေတာ့ 40W အားသြင္းစနစ္ေၾကာင့္ ၀% မွ ၁၀၀ ကို ၄၈ မိနစ္သာ ၾကာမယ့္လို႔ Xiaomi CEO ျဖစ္သူ Lei Jun က ဆုိထားပါတယ္။

Ref – GSM Arena

Unicode

Xiaomi ဟာ လာမယ့်စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ သူတို့ရဲ့ ခြေလှမ်းအသစ်အဖြစ် Mi 9 Pro 5G စမတ်ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားတော့မှာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာကျင်းပခဲ့တဲ့ MWC ပွဲတော်မှာ ဒီဖုန်းကို Mi 9 စမတ်ဖုန်းရဲ့ တိုးတက်ပြောင်းလဲမှုအဖြစ် ပြသခဲ့ပြီး သူ့နာမည်အတိုင်းပဲ 5G ချိတ်ဆက်မှု ပါဝင်တဲ့ စမတ်ဖုန်းမျိုးဆက်သစ် ဖြစ်ပါတယ်။

အတွင်းပိုင်းမှာတော့ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်ကို အသုံးပြုလာတဲ့အပြင် ထူးခြားစွာ အလွန်လျှင်မြန်တဲ့ အားသွင်းစနစ်မျိုးစုံကိုလည်းထည့်သွင်းလာပါတယ်။ ပုံမှန်ကြိုးနဲ့အားသွင်းရင် 40W အထိ မြန်နှုန်းရနိုင်မှာဖြစ်ကာ ကြိုးမဲ့ဆိုရင်တောင် 30W Fast Charging စနစ်နဲ့ဖြစ်တာကြောင့် လက်ရှိ Wireless Charging စနစ်တွေထဲမှာ ကမ္ဘာ့အမြန်ဆုံးဖြစ်ပါတယ်။ Reverse Wireless စနစ်နဲ့ဆိုရင် 10W ထုတ်လုပ်ပေးနိုင်ပါတယ်။

အထက်ပါ အားသွင်းနည်းပညာအသစ်တွေဟာ အခုချိန်မှာ တရားဝင်မိတ်ဆက်ခဲ့ပြီးသားဖြစ်ကာ Xiaomi က Mi 9 Pro 5G ဟန်းဆက်မှာ ပါဝင်မယ်လို့လည်း အတည်ပြုခဲ့ပြီးပါပြီ။ ကုမ္ပဏီဟာ ယနေ့မှာတော့ အားသွင်းစနစ်ကို အတည်ပြုတဲ့အပြင် မူလ Mi 9 မှာမပါဝင်ခဲ့တဲ့ လှပတဲ့ အဖြူရောင်ကာလာကိုလည်း ထုတ်ပြခဲ့ပါသေးတယ်။

တရုတ်နိုင်ငံရဲ့အကြီးဆုံးအွန်လိုင်းအရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ JD.com ကတော့ Mi 9 Pro 5G အတွက် ကြိုတင်အမှာစာတွေကို လက်ခံနှင့်နေပြီဖြစ်ပြီး သတင်းတွေအရ Mi 9 Pro 5G ဖုန်းမှာ မူလ Mi 9 နဲ့ အရွယ်တူညီတဲ့ Display ကိုပဲပြန်သုံးလာမှာဖြစ်ကာ 48MP အဓိကကင်မရာဦးဆောင်တဲ့ Triple-camera လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

4,000mAh ဘက္ထရီကြီးဟာ ကြိုးမဲ့ 30W အားသွင်းစနစ်နဲ့ဆိုရင် ၆၉ မိနစ်အတွင်း အားအပြည့်ဝင်မှာဖြစ်ပြီး ဝ% ကနေ တစ်ဝက်အထိဆိုရင်တော့ ၂၅ မိနစ်သာ ကြာမြင့်မယ်လို့ ဆိုပါတယ်။ ကြိုးနဲ့ဆိုရင်တော့ 40W အားသွင်းစနစ်ကြောင့် ဝ% မှ ၁၀၀ ကို ၄၈ မိနစ်သာ ကြာမယ့်လို့ Xiaomi CEO ဖြစ်သူ Lei Jun က ဆိုထားပါတယ်။

Ref – GSM Arena