[Zawgyi]

Xiaomi ဟာ Mi 9 SE ကို ၿပီးခဲ့တဲ့လဆန္းတုန္းက စတင္မိတ္ဆက္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံတြင္းမွာပဲ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ မတ္လေနာက္ဆုံးပတ္ေလာက္မွာေတာ့ Mi 9 SE ကို Xiaomi Global ရဲ႕ စာမ်က္ႏွာေပၚမွာ စတင္ေတြ႕ရွိလာရပါတယ္။ ဒါေပမယ့္ ကုမၸဏီက တရားဝင္ ေျပာဆိုျခင္း မရွိတာေၾကာင့္ ေစာင့္ၾကည့္ခဲ့ရတာပါ။

ဧၿပီလဆန္းမွာေတာ့ Xiaomi ဟာ Mi 9 အျပင္ Mi 9 SE ရဲ႕ ထုတ္လုပ္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္ဆိုတဲ့ တရားဝင္သတင္းတစ္ရပ္ ထြက္ေပၚလာခဲ့ပါတယ္။ ဒီသတင္းေၾကာင့္ Mi 9 SE ရဲ႕ Global edition ထြက္ေပၚဖို႔ ေမွ်ာ္လင့္ခ်က္က ပိုၿပီးခိုင္မာလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ Mi 9 SE ဟာ Global edition အျဖစ္ ထြက္ရွိလာခဲ့ပါတယ္။ ထူးဆန္းတာက 128GB version တစ္မ်ိဳးတည္း ျဖစ္ေနတာပါ။ ေနာက္တစ္ခ်က္က ေဈးႏႈန္းျဖစ္ပါတယ္။ €399 (၆သိန္း၈ေသာင္းခြဲ ဝန္းက်င္) ဆိုတဲ့ေဈးႏႈန္းဟာ ႏႈိင္းယွဥ္မယ္ဆိုရင္ တူညီတဲ့ သိုေလွာင္မႈပမာဏနဲ႔ Mi 9 flagship ထက္ €100 (၁သိန္း၇ေသာင္းဝန္းက်င္) ပဲ ေလ်ာ့နည္းေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Xiaomi ဟာ 64GB version Mi 9 ကို €449 (၇သိန္း၇ေသာင္း ဝန္းက်င္) နဲ႔လည္း ေရာင္းခ်ေနတာပါ။

Snapdragon 712 SoC, 6GB of RAM နဲ႔ Mi 9 SE Global edition ဟာ လက္ရွိအခ်ိန္မွာေတာ့ နယ္သာလန္မွာပဲ ရရွိေသးတာျဖစ္ၿပီး အျခားဥေရာပႏိုင္ငံေတြမွာေတာ့ မရေသးဘူးလို႔ သိရပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးကေတာ့ 48MP + 13MP + 8MP ေတြျဖစ္ၾကၿပီး 5.97-inch မ်က္ႏွာျပင္မွာ Notch နဲ႔အတူ 20MP Selfie ကင္မရာကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ဘက္ထရီပမာဏက 3070mAh ျဖစ္ၿပီး အနက္ေရာင္တစ္ေရာင္တည္း ဝယ္ယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Mi 9 SE Global Edition စတင်ရောင်းချနေပြီဖြစ်တဲ့ Xiaomi

Xiaomi ဟာ Mi 9 SE ကို ပြီးခဲ့တဲ့လဆန်းတုန်းက စတင်မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ မတ်လနောက်ဆုံးပတ်လောက်မှာတော့ Mi 9 SE ကို Xiaomi Global ရဲ့ စာမျက်နှာပေါ်မှာ စတင်တွေ့ရှိလာရပါတယ်။ ဒါပေမယ့် ကုမ္ပဏီက တရားဝင် ပြောဆိုခြင်း မရှိတာကြောင့် စောင့်ကြည့်ခဲ့ရတာပါ။

ဧပြီလဆန်းမှာတော့ Xiaomi ဟာ Mi 9 အပြင် Mi 9 SE ရဲ့ ထုတ်လုပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်ဆိုတဲ့ တရားဝင်သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကြောင့် Mi 9 SE ရဲ့ Global edition ထွက်ပေါ်ဖို့ မျှော်လင့်ချက်က ပိုပြီးခိုင်မာလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Mi 9 SE ဟာ Global edition အဖြစ် ထွက်ရှိလာခဲ့ပါတယ်။ ထူးဆန်းတာက 128GB version တစ်မျိုးတည်း ဖြစ်နေတာပါ။ နောက်တစ်ချက်က ဈေးနှုန်းဖြစ်ပါတယ်။ €399 (၆သိန်း၈သောင်းခွဲ ဝန်းကျင်) ဆိုတဲ့ဈေးနှုန်းဟာ နှိုင်းယှဉ်မယ်ဆိုရင် တူညီတဲ့ သိုလှောင်မှုပမာဏနဲ့ Mi 9 flagship ထက် €100 (၁သိန်း၇သောင်းဝန်းကျင်) ပဲ လျော့နည်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi ဟာ 64GB version Mi 9 ကို €449 (၇သိန်း၇သောင်း ဝန်းကျင်) နဲ့လည်း ရောင်းချနေတာပါ။

Snapdragon 712 SoC, 6GB of RAM နဲ့ Mi 9 SE Global edition ဟာ လက်ရှိအချိန်မှာတော့ နယ်သာလန်မှာပဲ ရရှိသေးတာဖြစ်ပြီး အခြားဥရောပနိုင်ငံတွေမှာတော့ မရသေးဘူးလို့ သိရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးကတော့ 48MP + 13MP + 8MP တွေဖြစ်ကြပြီး 5.97-inch မျက်နှာပြင်မှာ Notch နဲ့အတူ 20MP Selfie ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏက 3070mAh ဖြစ်ပြီး အနက်ရောင်တစ်ရောင်တည်း ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena