Zawgyi

Redmi K20 ရဲ႕ ဂလိုဘယ္ဗားရွင္းျဖစ္တဲ့ Xiaomi Mi 9T ဟာ ဥေရာပေစ်းကြက္မွာ တရားဝင္ မိတ္ဆက္လာခဲ့ပါၿပီ။ Xiaomi Mi 9T ရဲ႕ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္းစတာေတြကို သိခြင့္ရခဲ့ေပမယ့္ သူ႕ရဲ႕ Pro ဗားရွင္း ကေတာ့ ဥေရာပကို ပူးေပါင္းမလာခဲ့ပါဘူး။

Xiaomi Mi 9T ဟာ ဇြန္လ ၁၇ ရက္ေန႔ကေန စတင္ေရာင္းခ်မွာျဖစ္ၿပီး 6/64 GB ေမာ္ဒယ္အတြက္ ယူရို ၃၂၉ (ျမန္မာေငြ ငါးသိန္းခုနစ္ေသာင္းခန္႔) နဲ႔ 6/128 GB ဗားရွင္းအတြက္ ယူရုိ ၃၆၉ (ျမန္မာေငြ ေျခာက္သိန္း ေလးေသာင္းခန္႔) အသီးသီးက်သင့္မွာပါ။ အေရာင္ကေတာ့ Black, Blue နဲ႔ Red သုံးမ်ဳိးရရွိႏုိင္ၿပီး တစ္ခုနဲ႔တစ္ခု ေနာက္ေက်ာ္က Pattern ပုံစံကြဲျပားပါတယ္။

Mi 9T ဟာ 6.39” လက္မအရြယ္ AMOLED Display နဲ႔ထြက္လာၿပီး 2340 x 1080p Resolution ပိုင္ဆုိင္ပါတယ္။ Fingerprint ကလည္း In-display ပါဝင္ထားၿပီး Pop-up ဆယ္ဖီကင္မရာက 20MP f/2.2 ပါ။ ေနာက္မွာေတာ့ Triple-camera အတြဲျဖစ္ကာ 48MP f/1.8 အဓိကကင္မရာကို 8MP f/2.4 Tele နဲ႔ 13MP f/2.4 Ultrawide Sensor ေတြနဲ႔တြဲဖက္ထားပါတယ္။

Xiaomi Mi 9T ဟာ Snapdragon 730 ခ်စ္ပ္ဆက္ကို အသုံးျပဳလာတဲ့ ပထမဆုံးဖုန္းေတြထဲက တစ္ခုျဖစ္ၿပီး ေလာေလာဆယ္ေတာ့ 6GB RAM ဗားရွင္းကိုပဲျမင္ရပါေသးတယ္။ တရုတ္မွာမိတ္ဆက္ခဲ့တဲ့ Redmi K20 ရဲ႕ 8GB ဗားရွင္းကိုလည္း Mi 9T နဲ႔လာပူးေပါင္းတာ မေတြ႕ရေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ဘကၳရီကေတာ့ 4,000 mAh ပါ။

Xiaomi ဟာ ဥေရာပေစ်းကြက္ကို Mi Band 4 ကိုလည္း ျပသခဲ့ပါတယ္။ ဒါေပမယ့္ နာမည္ကို အနည္းငယ္ ေျပာင္းလဲလိုက္ၿပီး အခုအခါ Mi Smart Band 4 ျဖစ္သြားပါၿပီ။ သူ႕မွာ ပုိႀကီးတဲ့ ကာလာစုံ OLED Display နဲ႔ လက္ပတ္ကာလာအသစ္အခ်ဳိ႕ ပါဝင္လာပါတယ္။ Mi Smart Band 4 ကေတာ့ ဇြန္လ ၂၆ ရက္ေန႔မွာ ယူရို ၃၅ (ျမန္မာေငြေျခာက္ေသာင္း) ဝန္းက်င္နဲ႔ စတင္ေရာင္းခ်သြားမွာပါ။

Ref – GSM Arena

Unicode

Redmi K20 ရဲ့ ဂလိုဘယ်ဗားရှင်းဖြစ်တဲ့ Xiaomi Mi 9T ဟာ ဥရောပဈေးကွက်မှာ တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ Xiaomi Mi 9T ရဲ့ ထွက်ရှိရက်နဲ့ ဈေးနှုန်းစတာတွေကို သိခွင့်ရခဲ့ပေမယ့် သူ့ရဲ့ Pro ဗားရှင်း ကတော့ ဥရောပကို ပူးပေါင်းမလာခဲ့ပါဘူး။

Xiaomi Mi 9T ဟာ ဇွန်လ ၁၇ ရက်နေ့ကနေ စတင်ရောင်းချမှာဖြစ်ပြီး 6/64 GB မော်ဒယ်အတွက် ယူရို ၃၂၉ (မြန်မာငွေ ငါးသိန်းခုနစ်သောင်းခန့်) နဲ့ 6/128 GB ဗားရှင်းအတွက် ယူရို ၃၆၉ (မြန်မာငွေ ခြောက်သိန်း လေးသောင်းခန့်) အသီးသီးကျသင့်မှာပါ။ အရောင်ကတော့ Black, Blue နဲ့ Red သုံးမျိုးရရှိနိုင်ပြီး တစ်ခုနဲ့တစ်ခု နောက်ကျော်က Pattern ပုံစံကွဲပြားပါတယ်။

Mi 9T ဟာ 6.39” လက်မအရွယ် AMOLED Display နဲ့ထွက်လာပြီး 2340 x 1080p Resolution ပိုင်ဆိုင်ပါတယ်။ Fingerprint ကလည်း In-display ပါဝင်ထားပြီး Pop-up ဆယ်ဖီကင်မရာက 20MP f/2.2 ပါ။ နောက်မှာတော့ Triple-camera အတွဲဖြစ်ကာ 48MP f/1.8 အဓိကကင်မရာကို 8MP f/2.4 Tele နဲ့ 13MP f/2.4 Ultrawide Sensor တွေနဲ့တွဲဖက်ထားပါတယ်။

Xiaomi Mi 9T ဟာ Snapdragon 730 ချစ်ပ်ဆက်ကို အသုံးပြုလာတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပြီး လောလောဆယ်တော့ 6GB RAM ဗားရှင်းကိုပဲမြင်ရပါသေးတယ်။ တရုတ်မှာမိတ်ဆက်ခဲ့တဲ့ Redmi K20 ရဲ့ 8GB ဗားရှင်းကိုလည်း Mi 9T နဲ့လာပူးပေါင်းတာ မတွေ့ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဘက္ထရီကတော့ 4,000 mAh ပါ။

Xiaomi ဟာ ဥရောပဈေးကွက်ကို Mi Band 4 ကိုလည်း ပြသခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီး အခုအခါ Mi Smart Band 4 ဖြစ်သွားပါပြီ။ သူ့မှာ ပိုကြီးတဲ့ ကာလာစုံ OLED Display နဲ့ လက်ပတ်ကာလာအသစ်အချို့ ပါဝင်လာပါတယ်။ Mi Smart Band 4 ကတော့ ဇွန်လ ၂၆ ရက်နေ့မှာ ယူရို ၃၅ (မြန်မာငွေခြောက်သောင်း) ဝန်းကျင်နဲ့ စတင်ရောင်းချသွားမှာပါ။

Ref – GSM Arena