[Zawgyi]

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၆ ရက္ေန႔ကစၿပီး Xiaomi ရဲ႕ Mi A2 ဖုန္းအခ်ိဳ႕ကို Android 9 Pie Update ေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက ေပးခဲ့တာက အကန႔္အသတ္နဲ႔ျဖစ္သလို စမ္းသပ္မႈအတြက္ ေပးခဲ့တာလည္း ျဖစ္ပါတယ္။ အခုေတာ့ Mi A2 အားလုံးအတြက္ Android 9 Pie ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

Xiaomi Mi A2 ဟာ Android One စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ MIUI ကို အသုံးျပဳထားျခင္း မရွိတဲ့ ဖုန္းလည္း ျဖစ္ပါတယ္။ ဒီေတာ့ Android One ကေန Pie ကို ခုန္တက္သြားတဲ့ ပထမဆုံး Xiaomi ဖုန္းလည္း ျဖစ္ပါတယ္။ အခု Mi A2 ကို Android 9 Pie ေပးလိုက္ၿပီဆိုေတာ့ Mi A2 Lite လည္း သိပ္မၾကာခင္ အခ်ိန္အတြင္း ရေတာ့မယ္လို႔ ယူဆရပါတယ္။ အမ်ားဆုံး ၁၀ ရက္ေလာက္ပဲ ျခားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Xiaomi အေနနဲ႔ သူ႔ရဲ႕ Update ထုတ္ေပးမႈေတြကို လာမယ့္ ႏွစ္သစ္ကူးခ်ိန္ ဒါမွမဟုတ္ ဇန္နဝါရီလ အေစာပိုင္း အခ်ိန္ေတြမွာ တစ္ကမာၻလုံးက User ေတြအတြက္ ထုတ္ေပးေတာ့မယ္ဆိုတဲ့ အဓိပၸါယ္လည္း မွတ္ယူႏိုင္ပါတယ္။ Mi A2 ကို Update ေပးလိုက္တဲ့အတြက္ Mi A1 User ေတြကေတာ့ ေၾကကြဲစရာပါ။ ထပ္ၾကာဦးမယ္ဆိုတဲ့ သေဘာပါပဲ။

Xiaomi အေနနဲ႔ သူ႔ရဲ႕ Android One ေတြကို Update ေပးေနတာက အျခား ကုမၸဏီေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ေနာက္က်ေနတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Nokai 6.1 Plus ဆိုရင္ လြန္ခဲ့တဲ့ ႏွစ္လေလာက္ကတည္းက Android 9 Pie Update ကို ရရွိေနခဲ့လို႔ပဲ ျဖစ္ပါတယ္။ OnePlus ဆိုရင္လည္း Xiaomi ထက္ ေစာၿပီး Android 9 Pie Update ေတြတင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Ref: GAMarena

[Unicode]

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး Xiaomi ရဲ့ Mi A2 ဖုန်းအချို့ကို Android 9 Pie update ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ပေးခဲ့တာက အကန့်အသတ်နဲ့ဖြစ်သလို စမ်းသပ်မှုအတွက် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ Mi A2 အားလုံးအတွက် Android 9 Pie ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi Mi A2 ဟာ Android One စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါကြောင့် MIUI ကို အသုံးပြုထားခြင်း မရှိတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ဒီတော့ Android One ကနေ Pie ကို ခုန်တက်သွားတဲ့ ပထမဆုံး Xiaomi ဖုန်းလည်း ဖြစ်ပါတယ်။ အခု Mi A2 ကို Android 9 Pie ပေးလိုက်ပြီဆိုတော့ Mi A2 Lite လည်း သိပ်မကြာခင် အချိန်အတွင်း ရတော့မယ်လို့ ယူဆရပါတယ်။ အများဆုံး ၁၀ ရက်လောက်ပဲ ခြားမယ်လို့ မျှော်လင့်ရပါတယ်။

Xiaomi အနေနဲ့ သူ့ရဲ့ Update ထုတ်ပေးမှုတွေကို လာမယ့် နှစ်သစ်ကူးချိန် ဒါမှမဟုတ် ဇန်နဝါရီလ အစောပိုင်း အချိန်တွေမှာ တစ်ကမ္ဘာလုံးက User တွေအတွက် ထုတ်ပေးတော့မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မှတ်ယူနိုင်ပါတယ်။ Mi A2 ကို Update ပေးလိုက်တဲ့အတွက် Mi A1 User တွေကတော့ ကြေကွဲစရာပါ။ ထပ်ကြာဦးမယ်ဆိုတဲ့ သဘောပါပဲ။

Xiaomi အနေနဲ့ သူ့ရဲ့ Android One တွေကို Update ပေးနေတာက အခြား ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နောက်ကျနေတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Nokai 6.1 Plus ဆိုရင် လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက Android 9 Pie Update ကို ရရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။ OnePlus ဆိုရင်လည်း Xiaomi ထက် စောပြီး Android 9 Pie Update တွေတင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: GAMarena