Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တုန်းက Redmi 6 Pro ဖုန်းကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Android One OS ကို အသုံးပြုထားတဲ့ Mi A Series ဖုန်းတစ်လုံးအနေနဲ့ Mi A2 Lite ဆိုပြီး ပြန်လည်ထုတ်လုပ်ခဲ့တာပါ။

Mi A2 Lite စမတ်ဖုန်းဟာ စတင်ထွက်ရှိတဲ့အချိန်တုန်းက Android 8 Oreo နဲ့ပဲ ထွက်ရှိခဲ့တာဖြစ်ပေမယ့် ၂၀၁၉ နှစ်အစောပိုင်းမှာတင် Android 9 Pie ကို Update ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုလည်း Xiaomi ကနေ Mi A2 Lite ဖုန်းအတွက် Android 10 OS Update ကို ထုတ်ပေးလိုက်ပါပြီ။

အခုသတင်းကို MIUI Forum မှာရှိတဲ့ Xiaomi Moderator တွေအပြင် Mi A2 Lite Management Team ကပါ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီ Android 10 OS Update ရဲ့ Version အနေနဲ့ကတော့ V11.0.2.0.QDLMIXM ဖြစ်တယ်လို့သိရပြီးတော့ တကယ်လို့လက်ရှိ OTA အနေနဲ့ထုတ်ပေးနေတဲ့ Device တွေမှာ Error မတွေ့ဘူးဆိုရင် Region အကုန်လုံးအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီလိုမျိုး Android 10 OS ကို Update ပြုလုပ်လိုက်တဲ့အတွက် System-wide Dark Mode အပြင် Gesture Navigation အသစ်နဲ့ တခြားသော Location Privacy ပိုင်းမှာလည်း Improve ဖြစ်လာဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Mi A2 Lite အသုံးပြုသူတွေအတွက်ကတော့ သတင်းကောင်းလို့ ပြောလို့ရပါတယ်။

Ref – GSM Arena