Zawgyi





Ref – GSM Arena

Unicode

Xiaomi ရဲ့ ရောင်းအားကောင်းတဲ့ Android One Series စမတ်ဖုန်းတွေဖြစ်တဲ့ Mi A Series စမတ်ဖုန်းတွေက အခုဆိုရင် Mi A1 နဲ့ Mi A2 ဆိုပြီး Generation ၂ မျိုးထွက်ရှီထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi A3 ကို ရောင်းချသွားတော့မှာဖြစ်ပြီးတော့ အခုဆိုရင် ဖုန်းဘူးခွံနဲ့ Packaging Design တွေကအစ ပေါက်ကြားလာခဲ့ပါပြီ။

အခု Mi A3 ရဲ့ Packaging ဓါတ်ပုံအရ Mi A3 က Black ၊ Blue နဲ့ White Color ဆိုပြီး ၃ ရောင်ထွက်ရှိလာမှာဖြစ်ပြီးတော့ Display မှာတော့ Notch ပါဝင်လာဦးမှာပါ။ ဒါ့အပြင် Camera ပိုင်းမှာလည်း Triple Camera စနစ်ကို အသုံးပြုထားပြီး Gradient Design ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။

ဖုန်း Packaging ရဲ့ အတွင်းပိုင်းမှာတော့ Mi A3 ရဲ့ Specs တွေကိုပါ အတည်ပြုနိုင်ခဲ့ပြီးတော့ 6.08″ AMOLED Display ၊ In-Screen Fingerprint Scanner ၊ 4030mAh Battery ၊ 48MP Primary Sensor ပါဝင်လာမယ့် AI Triple Camera Setup နဲ့ 18W Fast Charging တွေကို Support ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Processor ပိုင်းအနေနဲ့တော့ ယခင်တုန်းက သတင်းတွေထွက်ထားသလိုမျိုး Snapdragon 730 Processor ကို အသုံးပြုလာမှာမဟုတ်ဘဲ Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ Snapdragon 665 Processor ကိုပဲ အသုံးပြုလာမှာပါ။

ဒါ့အပြင် Mi A3 စမတ်ဖုန်းမှာ 32MP Selfie Camera ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီးတော့ ယခင်တုန်းက သတင်းတွေထွက်နေသလိုမျိုး Mi CC9e နဲ့ ဒီဇိုင်းတူညီတယ်ဆိုပေမယ့်လည်း Display Resolution ကို HD+ အစား Full HD+ နဲ့ ထုတ်လာမယ့်ပုံစံပါပဲ။

Ref – GSM Arena