Zawgyi

ႀကိဳတင္ေၾကျငာထားတဲ့အတုိင္း Xiaomi Mi A3 ဖုန္းကေတာ့ ယေန႔မွာ တရားဝင္ထြက္ရွိလာခဲ့ၿပီး Mi CC9e ဟန္းဆက္ကို အေျခခံထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူ႕ရဲ႕ 6.1” လက္မအရြယ္ OLED Screen ဟာ 720 x 1560p Resolution သာ ပါဝင္မယ္လို႔ ဆုိလိုတာျဖစ္ၿပီး Mi A2 နဲ႔ Mi A2 Lite တုိ႔လို 1080p ကေန တဆင့္က်သြားတယ္လို႔ ဆုိရမွာပါ။

ဒါေပမယ့္ ေစ်းႏႈန္းကေတာ့ ယူရုိ ၂၅၀ (ျမန္မာေငြ ေလးသိန္းႏွစ္ေသာင္းခန္႔) ရွိပါတယ္။ မႏွွစ္က ေမာ္ဒယ္မွာ Snapdragon 660 အသုံးျပဳခဲ့ၿပီး အခုႏွစ္မွာ SD665 ကို တုိးျမွင့္လာတယ္လို႔ ဆုိရမွာပါ။ Storage ကေတာ့ 64 GB သာျဖစ္ၿပီး 128 GB လိုခ်င္ရင္ေတာ့ ေနာက္ထပ္ ယူရုိ ၃၀ အကုန္ခံရမွာျဖစ္ပါတယ္။ MicroSD Slot တစ္ခုပါတဲ့အတြက္ Storage ပမာဏကို ထပ္မံတုိးျမွင့္လို႔ေတာ့ ရပါေသးတယ္။

Xiaomi Mi A3 အတြက္ အဓိက Upgrade လုပ္လာတာကေတာ့ ကင္မရာပါ။ သူ႕ရဲ႕ 48MP f/1.78 အဓိက ကင္မရာကို 8MP Ultra Wide ကင္မရာတစ္ခု၊ 2MP Depth Sensor တစ္ခုတုိ႔နဲ႔ ေပါင္းထားပါတယ္။ ေနာက္ဘက္ကင္မရာဟာ 2160p ကို 30fps ႏႈန္းနဲ႔ သုိ႔မဟုတ္ 1080p အၾကည္အားကို 120fps ႏႈန္းထိ ရုိက္ကူးႏုိင္မွာပါ။ ေရွ႕ဘက္ Notch ထဲမွာေတာ့ 32MP Selfie ကင္မရာတစ္ခုပါဝင္ပါတယ္။

အခုႏွစ္ေမာ္ဒယ္သစ္ရဲ႕ ေနာက္ထပ္သိသာတဲ့ Upgrade တစ္ခုကေတာ့ 4,030mAh ဘကၳရီႀကီးပါ။ မႏွစ္ကလိုပဲ 18W ႏႈန္းအထိ အားအျမန္သြင္းႏုိင္ေပမယ့္ တစ္ခါတည္းပါလာမယ့္ Charger ကေတာ့ 10W ပါပဲ။ လက္ရွိေရစီးလိုပဲ Fingerprint ကိုလည္း Display ေအာက္မွာပဲ ထည့္လာပါတယ္။

Xiaomi ဟာ Mi A3 ဖုန္းကို Blue, White နဲ႔ Gray ဆုိၿပီး ကာလာသုံးမ်ဳိးနဲ႔ မိတ္ဆက္လာပါတယ္။ အရင္ဆုံးရရွိမယ့္ ေစ်းကြက္ကေတာ့ စပိန္ျဖစ္ၿပီး သူ႕ေနာက္မွာ တစ္ကမာၻလုံးသုိ႔ ဆက္လက္ျဖန္႔ခ်ိသြားမွာပါ။ ပိုၿပီး ျမင့္တဲ့ Mi CC9 ကိုအေျခခံလာမယ့္ Mi A3 Pro ဖုန္းလည္း ထြက္လာဦးမယ္လို႔ သတင္းထြက္ထားေပမယ့္ ေလာေလာဆယ္ေတာ့ မျမင္ရေသးပါဘူး။

Ref – GSM Arena

Unicode

ကြိုတင်ကြေငြာထားတဲ့အတိုင်း Xiaomi Mi A3 ဖုန်းကတော့ ယနေ့မှာ တရားဝင်ထွက်ရှိလာခဲ့ပြီး Mi CC9e ဟန်းဆက်ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ 6.1” လက်မအရွယ် OLED Screen ဟာ 720 x 1560p Resolution သာ ပါဝင်မယ်လို့ ဆိုလိုတာဖြစ်ပြီး Mi A2 နဲ့ Mi A2 Lite တို့လို 1080p ကနေ တဆင့်ကျသွားတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ဈေးနှုန်းကတော့ ယူရို ၂၅၀ (မြန်မာငွေ လေးသိန်းနှစ်သောင်းခန့်) ရှိပါတယ်။ မနှစ်က မော်ဒယ်မှာ Snapdragon 660 အသုံးပြုခဲ့ပြီး အခုနှစ်မှာ SD665 ကို တိုးမြှင့်လာတယ်လို့ ဆိုရမှာပါ။ Storage ကတော့ 64 GB သာဖြစ်ပြီး 128 GB လိုချင်ရင်တော့ နောက်ထပ် ယူရို ၃၀ အကုန်ခံရမှာဖြစ်ပါတယ်။ MicroSD Slot တစ်ခုပါတဲ့အတွက် Storage ပမာဏကို ထပ်မံတိုးမြှင့်လို့တော့ ရပါသေးတယ်။

Xiaomi Mi A3 အတွက် အဓိက Upgrade လုပ်လာတာကတော့ ကင်မရာပါ။ သူ့ရဲ့ 48MP f/1.78 အဓိက ကင်မရာကို 8MP Ultra Wide ကင်မရာတစ်ခု၊ 2MP Depth Sensor တစ်ခုတို့နဲ့ ပေါင်းထားပါတယ်။ နောက်ဘက်ကင်မရာဟာ 2160p ကို 30fps နှုန်းနဲ့ သို့မဟုတ် 1080p အကြည်အားကို 120fps နှုန်းထိ ရိုက်ကူးနိုင်မှာပါ။ ရှေ့ဘက် Notch ထဲမှာတော့ 32MP Selfie ကင်မရာတစ်ခုပါဝင်ပါတယ်။

အခုနှစ်မော်ဒယ်သစ်ရဲ့ နောက်ထပ်သိသာတဲ့ Upgrade တစ်ခုကတော့ 4,030mAh ဘက္ထရီကြီးပါ။ မနှစ်ကလိုပဲ 18W နှုန်းအထိ အားအမြန်သွင်းနိုင်ပေမယ့် တစ်ခါတည်းပါလာမယ့် Charger ကတော့ 10W ပါပဲ။ လက်ရှိရေစီးလိုပဲ Fingerprint ကိုလည်း Display အောက်မှာပဲ ထည့်လာပါတယ်။

Xiaomi ဟာ Mi A3 ဖုန်းကို Blue, White နဲ့ Gray ဆိုပြီး ကာလာသုံးမျိုးနဲ့ မိတ်ဆက်လာပါတယ်။ အရင်ဆုံးရရှိမယ့် ဈေးကွက်ကတော့ စပိန်ဖြစ်ပြီး သူ့နောက်မှာ တစ်ကမ္ဘာလုံးသို့ ဆက်လက်ဖြန့်ချိသွားမှာပါ။ ပိုပြီး မြင့်တဲ့ Mi CC9 ကိုအခြေခံလာမယ့် Mi A3 Pro ဖုန်းလည်း ထွက်လာဦးမယ်လို့ သတင်းထွက်ထားပေမယ့် လောလောဆယ်တော့ မမြင်ရသေးပါဘူး။

Ref – GSM Arena