Xiaomi Mi A Series စမတ်ဖုန်းတွေဟာ အဓိက Android Updates နဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေပါတယ်။ အခုလည်း Reddit Users တွေက Xiaomi Mi A3 အတွက် Android 10 Update အသစ်ကို ရရှိနေပြီ ဖြစ်ပြီး အရင်က ဖြန့်ချိပေးခဲ့တဲ့ Android 10 Update ၃ ခုနဲ့ ကွဲပြားတယ်လို့ ပြောပါတယ်။ Xiaomi Mi A3 အတွက် Android 10 Update အသစ်မှာ နောက်ဆုံးထုတ် Google OS မှာ ပါတဲ့ လုပ်ဆောင်ချက် အားလုံး ပြန်လည် ပါဝင်လာပြီး အဲဒီထဲမှာ Dark Theme ထည့်သွင်းထားပါတယ်။ Gesture  Navigation အသစ်တွေ ပါလာပြီး Privacy Controls တွေ ပိုမို ကောင်းမွန်လာပါတယ်။

Xiaomi Mi A3 အတွက် နောက်ဆုံးထုတ် Android 10 Update အသစ်ရဲ့ အရွယ်အစားဟာ 32MB ရှိပြီး နောက်ဆုံး ၁ ခေါက်က ဖြန့်ချိထားတဲ့ Android 10 Update ရဲ့ အရွယ်အစားက 1.33GB ရှိပါတယ်။ အဲဒီအတွက် ဖိုင်အရွယ်အစားက တော်တော်ကို ကွာခြားနေပါတယ်။ အရင် ၁ ခေါက်က ဖြန့်ချိလိုက်တဲ့ Update က ပြဿနာတွေကို အခုနောက်ဆုံးထုတ် Update မှာ ပြင်ဆင်ပေးထားပုံရပါတယ်။

Reddit User က နောက်ဆုံးထုတ် Update မှာ ဖုန်း ကိုင်လိုက်ချိန် Fingerprint Recognition ပြဿနာကို ဖြေရှင်းပေးထားပြီး Electronics Image Stabilization ကလည်း အလုပ်ကောင်းစွာ လုပ်လာတယ်လို့ ပြောပါတယ်။

Ref : gsmarena