Xiaomi Mi A3 ဟာ Android One Program ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် OS Update ရတာ အရမ်းမြန်ပါတယ်။ ဒါပေမယ့် Xiaomi ဟာ Android 10 Update အတွက် ရုန်းကုန်နေရပြီး Bugs ကြီးကြီးမားမားရှိခြင်း၊ ဖုန်း Bricks ဖြစ်ခြင်းနဲ့ လက်ဗွေရာ ကိရိယာ ပြဿနာတွေကြောင့် Update ပေးတာကို ၂ ကြိမ်တိုင် ရပ်နားခဲ့ရပါတယ်။

အခုတော့ Mi A3 Users တွေအတွက် Stable ROM ကို ၃  ကြိမ်မြောက် ဖြန့်ချိပေးလိုက်ပါတယ်။ Package Version ဟာ V11.0.11.0 QFQMIXM ဖြစ်ပြီး Mi A3 ဖုန်းတွေအတွက် OTA ကနေ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ သင့်ဖုန်းမှာ Notification ရရင် အဲဒါကို နှိပ်ပြီး Update လုပ်တာ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။ Notification မရရင် Automatic Updates ကို Disable လုပ်ထားတာဖြစ်နိုင်ပြီး သင် ကိုယ်တိုင် Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ Xiaomi က အဲဒီ Update ကို ကမ္ဘာအဝန်းမှာ ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် သင့် ဖုန်းမှာ မရသေးရင် အချိန်အနည်းငယ်စောင့်ပေးပါ။

Android 10 Update မှာ Gesture Navigation အသစ်၊ System-wide Dark Mode နဲ့ ပိုကောင်းတဲ့ Privacy Controls တွေ ပါလာပါတယ်။ အရင် Versions တွေက ပြဿနာတွေကိုလည်း ဖြေရှင်းထားနိုင်ပါတယ်။

Ref : gsmarena