Xiaomi Mi Air 2 Pro TWS နားကြပ်ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ဆိုသလို ပေါက်ကြားထွက်ပေါ်နေပါတယ်။ Hands-on ဗီဒီယို ၁ ခုတောင် မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတစ်ခါ အလှည့်ကျတာကတော့ ဓါတ်ပုံတွေပါ။

Digital Chat Station ကနေ ဓါတ်ပုံတွေကို မျှဝေလိုက်တာ ဖြစ်ပြီး Specs တချို့ကိုပါ သိလာရပါပြီ။ Xiaomi Mi Air 2 Pro TWS နားကြပ်မှာ 12mm Drivers ၊ aptX Adaptive နဲ့ LHDC V3 Audio Codecs တွေ ထည့်သွင်းထားနိုင်ပါတယ်။ aptX Adaptive က Low Latency Codec (50-80 ms) ဖြစ်ပြီး LHDC V3 Audio Codecs က sub-100 ms Latency ကို ထောက်ပံ့ပေးပါတယ်။

Active Noise Cancellation က 35 dB Reduction အထိ တိုးတက်လာတာက Apple AirPods Pro နဲ့ ရင်ဘောင်တန်းလိုက်တာပါပဲ။ ANC ကို ခန ပိတ်ထားနိုင်တဲ့ Transparent Mode ပါလာပြီး Charging Case မှာ USB-C Port နဲ့ 500mAh ဘက်ထရီ ထည့်ထားပါတယ်။ Wireless Charging လည်း ထောက်ပံ့ထားတဲ့အတွက် အားသွင်းရတာ တော်တော် အဆင်ပြေပါတယ်။ နားကြပ် တစ်ခုစီမှာ 55mAh ဘက်ထရီ ထည့်သွင်းထားပြီး သီချင်းနားထောင်ရင် ၇ နာရီ အသုံးခံပါတယ်။ ANC ဖွင့်ထားရင်တော့ ၅ နာရီလောက်ပဲ ခံပြီး Case က ဘက်ထရီနဲ့ပါပေါင်းရင် ၂၈ နာရီတောင် အသုံးခံပါတယ်။ ANC ဖွင့်ထားရင်တော့ နာရီ ၂၀ ခံပါတယ်။

Xiaomi Mi Air 2 Pro TWS နားကြပ်ကို ၆၀၀ နဲ့ ၇၀၀ ယွမ်အကြား ရောင်းနိုင်ပြီး ၁ သိန်း ၁ သောင်းခွဲနဲ့ ၁ သိန်း ၃ သောင်းလောက်အတွင်း ရှိနိုင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ကြေညာနိုင်ပါတယ်။

Ref : gsmarena