Xiaomi ကနေ အခုနောက်ဆုံး True Wireless Earbuds အသစ်ဖြစ်တဲ့ Mi Air 2S ကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Mi Air 2S TWS Earbuds ဟာ စျေးနှုန်းအနေနဲ့ ၃၉၉ ယွမ် နဲ့ရောင်းချမှာဖြစ်တဲ့အတွက် မြန်မာငွေ ၈ သောင်းဝန်းကျင်လောက် ကျသင့်မှာပါ။

Xiaomi ရဲ့ ပြောကြားချက်အရတေ့ာ Mi Air 2S ဟာ အဆင့်မြှင့်တင်ထားတဲ့ Dual Core Chipset ကို အသုံးပြုထားပြီး ဘယ်နဲ့ ညာဘက်မှာရှိတဲ့ Earbud တစ်ခုစီကို Sound Signal လွှင့်ပေးဖို့အတွက် Binaural Synchronous Transmission Technology အသစ်ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

အဆိုပါ နည်းပညာကြောင့် Bluetooth Connection မှာ ကြားဝင်ပြတ်တောင်မှုကို လျော့ချနိုင်မှာဖြစ်သလို အသံ Delay ဖြစ်တာကိုလည်း သိသိသာသာလျော့ကျသွားစေမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ MIUI System မှာပါဝင်တဲ့ LHDC Bluetooth Decoding အတွက် Optimized လုပ်ထားတာဖြစ်တဲ့အတွက် Xiaomi ဖုန်းတွေမှာဆို ပိုကောင်းတဲ့ Experience ကိုရရှိစေမှာပါ။

နောက်ထပ် Feature တစ်ခုအနေနဲ့ Game ကစားတဲ့အချိန်နဲ့ Video ကြည့်တဲ့အချိန်တွေအတွက် Low Latency Mode ကိုပါထည့်သွင်းပေးထားပါတယ်။ Xiaomi ရဲ့ Voice Assistant ဖြစ်တဲ့ XiaoAI လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Battery Life အနေနဲ့ကတော့ တစ်ခါနားထောင်မယ်ဆိုရင် ၅ နာရီကြာနားထောင်နိုင်မှာဖြစ်ပြီး Battery Case ကိုပါထည့်တွက်မယ်ဆိုရင် ၂၄ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB-C Charging ကို အသုံးပြုထားတဲ့အပြင် Qi Wireless Charging လည်းပါဝင်ဦးမယ်လို့ သိရပါတယ်။

Ref – Gizmo China