Xiaomi ကနေ လက်ရှိအချိန်မှာ Mi Airdots နာမည်နဲ့ True Wireless Earbuds တွေကို ရောင်းချလျက်ရှိပြီး အခုလည်း Mi Airdots 2S Wireless Earbuds အသစ်ကို မိတ်ဆက်လာတော့မှာပါ။

လက်ရှိရရှိတဲ့သတင်းတွေအရတော့ အဆိုပါ Mi Airdots 2S ဟာ Audio Latency ပိုင်းမှာ သိသိသာသာကို လျော့နည်းသွားမှာဖြစ်ပြီး Xiaomi ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုတဲ့အချိန်မှာ Latency က 120ms ဝန်းကျင်ပဲရှိမယ်လို့ သိရပါတယ်။ ဒါက Gaming ပိုင်းမှာ အားသာချက်ဖြစ်လာမှာဖြစ်သလို Apple AirPods Pro ပြီးရင် အကောင်းဆုံး Audio Latency ဖြစ်လာမယ်လို့လည်း သိရပါတယ်။

နောက်ထပ်လည်း အဆိုပါ Mi Airdots 2S မှာ Wireless Charging ကိုပါ Support ပြုလုပ်လာနိုင်ပြီးတော့ လက်ရှိထွက်ရှိထားတဲ့ realme Buds Air ၊ Huawei FreeBuds 3 နဲ့ Samsung Galaxy Buds+ တို့လိုမျိုးပဲ Qi Wireless Charger တွေကနေ တစ်ဆင့်ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Mi 10 Series ဖုန်းတွေလိုမျိုး Reverse Wireless Charging Support လုပ်တဲ့ဖုန်းတွေနဲ့ အားသွင်းနိုင်မှာပါ။

အဆိုပါ Mi Airdots 2S True Wireless Earbuds တွေကို မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် Xiaomi ကနေ Mi 10 Series ဖုန်းတွေကို တရုတ်နိုင်ငံပြင်ပမှာ မတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်ဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်ကြမှ အတူမိတ်ဆက်သွားဖို့များနေပါတယ်။

Ref – Gizmo China