[Unicode]

Xiaomi က ၂၀၂၀ ခုနှစ်မှာ ဂျပန်ဈေးကွက်ကို စတင် ဝင်ရောက်မယ်လို့ အရင်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Xiaomi က သိပ်အချိန်မဆွဲချင်တော့တဲ့ ပုံပေါ်ပါတယ်။ ဒီလ ၉ ရက်နေ့ကပဲ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ဂျပန်မှာ ပထမဆုံး အကြိမ် ရောင်းချပေးလိုက်ပါတယ်။ အဲဒီထုတ်ကုန်တွေထဲမှာ Mi Note 10(CC9 Pro) , MIJIA Rice Cooker , Mi Power Bank 3 , Mi Travel Suitcase နဲ့ Mi Smart Band 4 တို့ ပါပါတယ်။ MIJIA Rice Cooker ဟာ ဂျပန်မှာ အရမ်း လူကြိုက်များနေပါတယ်။

Mi Note 10 Pro နဲ့ MIJIA Rice Cooker တို့ရဲ့ ရောင်းအား ပမာဏကို မသိရသေးပေမယ့် Mi Band 4 ဟာ ဂျပန်မှာ စံချိန်တင် ရောင်းအား လန်းနေတယ်လို့ သိရပါတယ်။ အဲဒီ Smart Band ကို Amazon Japan မှာ ရောင်းချပေးထားပြီး Amazon ရဲ့ ဒေတာတွေအရ Activity Tracker ကဏ္ဍမှာ Mi Band 4 ဟာ ရောင်းအား အကောင်းဆုံးဖြစ်နေပါတယ်။

Amazon Japan မှာ Mi Band 4 ဟာ “Hot New Releases” နဲ့ “Most Wished For” ကဏ္ဍတွေမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ ဂျပန်မှာ Mi Band 4 ကို ၃,၈၃၉ ယန်းနဲ့ ရောင်းပေးနေပါတယ်။ မြန်မာငွေ ၅ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးအရမ်းချိုပါတယ်။

ဈေးကွက်သုတေသနအဖွဲ့အစည်း Canalys က ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့ Wearable Band ရောင်းအားကို မကြာခင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Wearable Band လို့ဆိုရာမှာ Smart Fitness Bands, Smart Watches နဲ့ Fitness Trackers တို့ ပါပါတယ်။ ကွာတား ၃ မှာ Xiaomi ဟာ ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး အလုံးရေ ၁၂.၂ သန်း ရောင်းချထားပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi Mi Band 4 ဟာ ဂ်ပန္မွာ ေရာင္းအား အလန္းဆံုး Fitness Tracker ျဖစ္လာ

Xiaomi က ၂၀၂၀ ခုႏွစ္မွာ ဂ်ပန္ေစ်းကြက္ကို စတင္ ၀င္ေရာက္မယ္လို႔ အရင္က ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ Xiaomi က သိပ္အခ်ိန္မဆြဲခ်င္ေတာ့တဲ့ ပံုေပၚပါတယ္။ ဒီလ ၉ ရက္ေန႔ကပဲ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြကို ဂ်ပန္မွာ ပထမဆံုး အႀကိမ္ ေရာင္းခ်ေပးလိုက္ပါတယ္။ အဲဒီထုတ္ကုန္ေတြထဲမွာ Mi Note 10(CC9 Pro) , MIJIA Rice Cooker , Mi Power Bank 3 , Mi Travel Suitcase နဲ႔ Mi Smart Band 4 တို႔ ပါပါတယ္။ MIJIA Rice Cooker ဟာ ဂ်ပန္မွာ အရမ္း လူႀကိဳက္မ်ားေနပါတယ္။

Mi Note 10 Pro နဲ႔ MIJIA Rice Cooker တို႔ရဲ႕ ေရာင္းအား ပမာဏကို မသိရေသးေပမယ့္ Mi Band 4 ဟာ ဂ်ပန္မွာ စံခ်ိန္တင္ ေရာင္းအား လန္းေနတယ္လို႔ သိရပါတယ္။ အဲဒီ Smart Band ကို Amazon Japan မွာ ေရာင္းခ်ေပးထားၿပီး Amazon ရဲ႕ ေဒတာေတြအရ Activity Tracker က႑မွာ Mi Band 4 ဟာ ေရာင္းအား အေကာင္းဆံုးျဖစ္ေနပါတယ္။

Amazon Japan မွာ Mi Band 4 ဟာ “Hot New Releases” နဲ႔ “Most Wished For” က႑ေတြမွာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္ထားပါတယ္။ ဂ်ပန္မွာ Mi Band 4 ကို ၃,၈၃၉ ယန္းနဲ႔ ေရာင္းေပးေနပါတယ္။ ျမန္မာေငြ ၅ ေသာင္းေလာက္ပဲရွိတဲ့အတြက္ ေစ်းအရမ္းခ်ိဳပါတယ္။

ေစ်းကြက္သုေတသနအဖြဲ႕အစည္း Canalys က ဒီႏွစ္ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လကေန စက္တင္ဘာလအတြင္း ကမာၻ႕ Wearable Band ေရာင္းအားကို မၾကာခင္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Wearable Band လို႔ဆိုရာမွာ Smart Fitness Bands, Smart Watches နဲ႔ Fitness Trackers တို႔ ပါပါတယ္။ ကြာတား ၃ မွာ Xiaomi ဟာ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနၿပီး အလံုးေရ ၁၂.၂ သန္း ေရာင္းခ်ထားပါတယ္။

Ref : gizmochina