[Zawgyi]

Xiaomi ရဲ႕ Mi Band 4 ကို ေမလမွာ မိတ္ဆက္မယ္ဆိုၿပီး လြန္ခဲ့တဲ့ မတ္လေလာက္ကတည္းက ေမွ်ာ္လင့္ေနခဲ့ၾကတာပါ။ ၂၀၁၈ ေမလမွာ Mi Band 3 ကို ေရာင္းခ်ခဲ့တာေၾကာင့္ တစ္ႏွစ္ၾကာသြားခ်ိန္မွာ ေနာက္ထပ္ တစ္ဆင့္ျမင့္မယ့္ Mi Band 4 ကို ရရွိမယ္လို႔ ေမွ်ာ္လင့္ၾကတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္အခ်ိန္တုန္းက ထြက္ေပၚလာတဲ့ Mi Band 4 ရဲ႕ Renders မွာ Fitness tracker အသစ္ကို Xiao AI feature နဲ႔ ေတြ႕ျမင္ရပါတယ္။ Xiaomi ရဲ႕ Virtual assistant ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဧၿပီက စတင္ပြဲထုတ္ခဲ့တာပါ။ Xiao AI ဟာ ရာသီဥတုကို ဆန္းစစ္ႏိုင္ၿပီး Smart appliances ေတြကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဘာသာျပန္ျခင္းနဲ႔ အျခားလုပ္ငန္းေဆာင္တာေတြကိုလည္း လုပ္ေဆာင္ႏိုင္ပါေသးတယ္။

စတုတၳေျမာက္မ်ိဳးဆက္မွာေတာ့ Mi Band 3 မွာရွိခဲ့တဲ့ ႐ုပ္ပိုင္းဆိုင္ရာ ခလုတ္ေတြကို Capacitive button ေတြအျဖစ္ ေျပာင္းလဲလိုက္ၿပီလို႔ ဆိုရပါမယ္။ ထြက္ခဲ့ၿပီးတဲ့ သတင္းေတြကို အေျခခံရရင္ Mi Band 4 ဟာ Bluetooth 5.0 ခ်ိတ္ဆက္မႈအျပင္ ႏွလုံးခုန္ႏႈန္းေစာင့္ၾကည့္စနစ္လည္း ပါဝင္လာမယ္လို႔ ဆိုႏိုင္ပါတယ္။ NFC features နဲ႔ မ်ိဳးကြဲလည္း ထြက္ေပၚလာႏိုင္ေပမယ့္ တ႐ုတ္ႏိုင္ငံတြင္း ေဈးကြက္မွာပဲ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ရပါတယ္။

အခုအခ်ိန္ထိေတာ့ Mi Band 4 ရဲ႕ ေဈးႏႈန္းဟာ ဘယ္ေလာက္ျဖစ္မလဲဆိုတာ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ Mi Band 2 ကို ၁၉ ေဒၚလာနဲ႔ ဝယ္လို႔ရခ်ိန္မွာ Mi Band 3 ေတြကို ေဒၚလာ ၃၀ နဲ႔ ေရာင္းခ်ခဲ့တာပါ။ ဒါေၾကာင့္ Mi Band 4 အေနနဲ႔ ေဒၚလာ ၃၀ (၄ေသာင္း၆ေထာင္ဝန္းက်င္) ထက္ မနည္းတဲ့ ေဈးႏႈန္းနဲ႔ ျဖစ္လာမယ္လို႔ပဲ ခန႔္မွန္းရပါတယ္။

Ref: Android Authority

[Unicode]

Mi Band 4 ရဲ့ ရှင်းလင်းတဲ့ Renders ပေါ်ထွက်လာ

Xiaomi ရဲ့ Mi Band 4 ကို မေလမှာ မိတ်ဆက်မယ်ဆိုပြီး လွန်ခဲ့တဲ့ မတ်လလောက်ကတည်းက မှေျာ်လင့်နေခဲ့ကြတာပါ။ ၂၀၁၈ မေလမှာ Mi Band 3 ကို ရောင်းချခဲ့တာကြောင့် တစ်နှစ်ကြာသွားချိန်မှာ နောက်ထပ် တစ်ဆင့်မြင့်မယ့် Mi Band 4 ကို ရရှိမယ်လို့ မျှော်လင့်ကြတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်အချိန်တုန်းက ထွက်ပေါ်လာတဲ့ Mi Band 4 ရဲ့ Renders မှာ Fitness tracker အသစ်ကို Xiao AI feature နဲ့ တွေ့မြင်ရပါတယ်။ Xiaomi ရဲ့ Virtual assistant ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီက စတင်ပွဲထုတ်ခဲ့တာပါ။ Xiao AI ဟာ ရာသီဥတုကို ဆန်းစစ်နိုင်ပြီး Smart appliances တွေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဘာသာပြန်ခြင်းနဲ့ အခြားလုပ်ငန်းဆောင်တာတွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

စတုတ္ထမြောက်မျိုးဆက်မှာတော့ Mi Band 3 မှာရှိခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ခလုတ်တွေကို Capacitive button တွေအဖြစ် ပြောင်းလဲလိုက်ပြီလို့ ဆိုရပါမယ်။ ထွက်ခဲ့ပြီးတဲ့ သတင်းတွေကို အခြေခံရရင် Mi Band 4 ဟာ Bluetooth 5.0 ချိတ်ဆက်မှုအပြင် နှလုံးခုန်နှုန်းစောင့်ကြည့်စနစ်လည်း ပါဝင်လာမယ်လို့ ဆိုနိုင်ပါတယ်။ NFC features နဲ့ မျိုးကွဲလည်း ထွက်ပေါ်လာနိုင်ပေမယ့် တရုတ်နိုင်ငံတွင်း ဈေးကွက်မှာပဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

အခုအချိန်ထိတော့ Mi Band 4 ရဲ့ ဈေးနှုန်းဟာ ဘယ်လောက်ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Mi Band 2 ကို ၁၉ ဒေါ်လာနဲ့ ဝယ်လို့ရချိန်မှာ Mi Band 3 တွေကို ဒေါ်လာ ၃၀ နဲ့ ရောင်းချခဲ့တာပါ။ ဒါကြောင့် Mi Band 4 အနေနဲ့ ဒေါ်လာ ၃၀ (၄သောင်း၆ထောင်ဝန်းကျင်) ထက် မနည်းတဲ့ ဈေးနှုန်းနဲ့ ဖြစ်လာမယ်လို့ပဲ ခန့်မှန်းရပါတယ်။

Ref: Android Authority