Zawgyi

ႏွစ္တစ္ႏွစ္ရဲ႕ ဒီလိုအခ်ိန္ဟာ Xiaomi အတြက္ေတာ့ သူတုိ႔ရဲ႕ စမတ္လက္ဝတ္ပစၥည္းကို မိတ္ဆက္ဖို႔ အခ်ိန္အခါေကာင္းပါပဲ။ မႏွစ္က အခုလိုခ်ိန္မွာ Mi Band 3 ကိုျမင္ေတြ႕ခဲ့ရသလိုပဲ တရုတ္အေျခစုိက္ကုမၸဏီဟာ မ်ဳိးဆက္သစ္ Mi Band 4 ကိုလည္း မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါၿပီ။

Xiaomi ရဲ႕တရားဝင္ဖိတ္စာထြက္ရွိလာခဲ့ၿပီး Mi Band အသစ္အတြက္ မိတ္ဆက္ပြဲကို ဇြန္လ ၁၁ ရက္ေန႔လို႔ သတ္မွတ္ထားတာကို ျမင္ေတြ႕ရမွာပါ။ ဖိတ္စာေပၚမွာ ျမင္ရတဲ့အတုိင္းဆုိရင္ေတာ့ Mi Band 4 ဟာ သူ႕ရဲ႕ မိသားစုဝင္ေတြထဲမွာ ပထမဆုံး အေရာင္စုံ Display ပါဝင္တဲ့ ထုတ္ကုန္ျဖစ္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

Xiaomi Mi Band 4 ဟာ တရုတ္ျပည္တြင္းမွာ အရင္ဆုံးျဖန္႔ခ်ိမွာျဖစ္ေပမယ့္ တစ္လႏွစ္လအတြင္း ႏုိင္ငံတကာေစ်းကြက္ကို ထိုးေဖာက္လာမွာ ျဖစ္ပါတယ္။ ဗားရွင္းႏွစ္မ်ဳိးျဖစ္လာမယ္လို႔ ယူဆရၿပီး တစ္ခုက ၾကိဳးမဲ့ေငြေပးေခ်မႈေတြအတြက္ NFC ပါဝင္ကာ ေနာက္တစ္ခုကေတာ့ ေစ်းပိုခ်ဳိတဲ့ ဗားရွင္းျဖစ္လာမွာပါ။

Mi Band 4 ရဲ႕အရြယ္အစားကေတာ့ ယခင္မ်ဳိးဆက္နဲ႔အတူတူပဲလို႔ ယူဆရၿပီး ေဆးေတာင့္ပုံသ႑ာန္စက္ ေပၚမွာ 0.78” အရြယ္ ရွည္ေမ်ာေမ်ာ Display တစ္ခုပါဝင္မွာျဖစ္ပါတယ္။ ဂတ္ဂ်က္ကုိယ္ထည္ဟာ မတူညီတဲ့ လက္ပတ္ အမ်ဳိးမ်ဳိးနဲ႔ တြဲဖက္ႏုိင္ဦးမွာပါ။

သတင္းေတြမွာေတာ့ Mi Band 4 ရဲ႕ဘကၳရီဟာ 135 mAh ျဖစ္လာၿပီး ယခင္ထက္ ၂၀% ေက်ာ္ တုိးတက္လာတာျဖစ္တယ္။ တကယ္လို႔သာ Screen က အေရာင္စုံအျပည့္သြားမယ္ဆုိရင္ေတာ့ Xiaomi ဟာ ယခင္မ်ဳိးဆက္မွာ ေၾကြးေၾကာ္ခဲ့တဲ့ ရက္ ၂၀ စာ ဘကၳရီအသုံးခံဖို႔အတြက္ ဘကၳရီပမာဏကို အနည္းငယ္ တုိးေပးရမွာပါပဲ။

Ref – GSM Arena

Unicode

နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်ဟာ Xiaomi အတွက်တော့ သူတို့ရဲ့ စမတ်လက်ဝတ်ပစ္စည်းကို မိတ်ဆက်ဖို့ အချိန်အခါကောင်းပါပဲ။ မနှစ်က အခုလိုချိန်မှာ Mi Band 3 ကိုမြင်တွေ့ခဲ့ရသလိုပဲ တရုတ်အခြေစိုက်ကုမ္ပဏီဟာ မျိုးဆက်သစ် Mi Band 4 ကိုလည်း မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။

Xiaomi ရဲ့တရားဝင်ဖိတ်စာထွက်ရှိလာခဲ့ပြီး Mi Band အသစ်အတွက် မိတ်ဆက်ပွဲကို ဇွန်လ ၁၁ ရက်နေ့လို့ သတ်မှတ်ထားတာကို မြင်တွေ့ရမှာပါ။ ဖိတ်စာပေါ်မှာ မြင်ရတဲ့အတိုင်းဆိုရင်တော့ Mi Band 4 ဟာ သူ့ရဲ့ မိသားစုဝင်တွေထဲမှာ ပထမဆုံး အရောင်စုံ Display ပါဝင်တဲ့ ထုတ်ကုန်ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Xiaomi Mi Band 4 ဟာ တရုတ်ပြည်တွင်းမှာ အရင်ဆုံးဖြန့်ချိမှာဖြစ်ပေမယ့် တစ်လနှစ်လအတွင်း နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်လာမှာ ဖြစ်ပါတယ်။ ဗားရှင်းနှစ်မျိုးဖြစ်လာမယ်လို့ ယူဆရပြီး တစ်ခုက ကြိုးမဲ့ငွေပေးချေမှုတွေအတွက် NFC ပါဝင်ကာ နောက်တစ်ခုကတော့ ဈေးပိုချိုတဲ့ ဗားရှင်းဖြစ်လာမှာပါ။

Mi Band 4 ရဲ့အရွယ်အစားကတော့ ယခင်မျိုးဆက်နဲ့အတူတူပဲလို့ ယူဆရပြီး ဆေးတောင့်ပုံသဏ္ဍာန်စက် ပေါ်မှာ 0.78” အရွယ် ရှည်မျောမျော Display တစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဂတ်ဂျက်ကိုယ်ထည်ဟာ မတူညီတဲ့ လက်ပတ် အမျိုးမျိုးနဲ့ တွဲဖက်နိုင်ဦးမှာပါ။

သတင်းတွေမှာတော့ Mi Band 4 ရဲ့ဘက္ထရီဟာ 135 mAh ဖြစ်လာပြီး ယခင်ထက် ၂၀% ကျော် တိုးတက်လာတာဖြစ်တယ်။ တကယ်လို့သာ Screen က အရောင်စုံအပြည့်သွားမယ်ဆိုရင်တော့ Xiaomi ဟာ ယခင်မျိုးဆက်မှာ ကြွေးကြော်ခဲ့တဲ့ ရက် ၂၀ စာ ဘက္ထရီအသုံးခံဖို့အတွက် ဘက္ထရီပမာဏကို အနည်းငယ် တိုးပေးရမှာပါပဲ။

Ref – GSM Arena